သူ့ခေါင်းထဲတွင် အတွေးများသာ ချာချာလည်နေလျက် တစ်နည်းပြောရလျှင် သူ ဘယ်တုန်းကမှ မရှိခဲ့သည့် အကြည့်မျိုးဖြင့် နက်နက်နဲနဲ ငေးစိုက်နေမိသည်။
လမ်းမှာတုန်းက သူမ ပြောခဲ့တာတွေက အမှန်တွေသာ ဖြစ်ပြီး သူမက ပြောခဲ့တဲ့အတိုင်း ဖြစ်အောင် မြန်မြန် အကောင်အထည်ဖော်ခဲ့တာပဲ။
"အဟွန်း ချင်းစုယွဲ့ ... မင်းက နည်းနည်းတော့ လိမ္မာပါးနပ်တယ်ဆိုတာ ငါ ဝန်ခံပါတယ်"
မော့ရွှီယွမ်မှာ ချန်းစီနျန်ထံမှ ထွက်လာနေသည့် အလွန်အမင်း အပြစ်ပေးလိုနေသည့် ခံစားချက်ကြီးအား ခံစားလို့ရနေသည်။
သူက နောက်ကို ခြေလှမ်းအနည်းငယ်လောက် ဆုတ်လိုက်ရင်း သတ္တိမွေးကာ မေးလိုက်ရသည် "မင်း ဒေါသထွက်နေတာလား?"
ချန်းစီနျန်က ပုံမှန်ဆို ဒေါသထွက်ခဲလှသည်။ သူ့ကို အမျက်ဒေါသဖြစ်အောင် ပြုလုပ်သူတို့မှာလည်း သူတို့ ပြုခဲ့သည့်အတိုင်း သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးအား ချန်းစီနျန်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်မှာ  မလွဲဧကန်ပင်။
"ဟမ့် ငါက ဘာလို့ စိတ်ဆိုးရမှာလဲ? သူ့ကို စိတ်ဆိုးရတာ ငါ့အချိန်ကို ဖြုန်းတီးရာတောင် ကျသေးတဲ့ဟာ ... သူ အဝေးကို ထွက်ပြေးချင်တယ်ဆိုရင်လည်း သူဘယ်လောက်ထိ ပြေးနိုင်အုန်းမလဲ ငါမြင်ချင်လိုက်တာ"
ချန်းစီနျန်၏ နက်ရှိုင်းမှောင်မိုက်ကာ ငြှိုးမယ်ဖွယ်နေသည့် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသော အသံကို ကြားလိုက်ရတော့ မော့ရွှီယွမ်မှာ တောင့်ခဲသွားလေတော့၏။
ထိုအခိုက်အတန့်တွင် Aမြို့ရှိ ချင်းစုယွဲ့မှာတော့ နှာချေမိသွားလေသည်။
Aမြို့တော်တွင် အရာရာကောင်းမွန်အဆင်ပြေလှပေမယ့် နွေရာသီမှာ အတော်လေး ပူပြင်းလှ၏။ သူမ၏ စာသင်ခန်းထဲကလူတော်တော်များများပင် အပူလျှပ်ကာ နေမကောင်း ဖြစ်ကြသည်။
ချင်းစုယွဲ့မှာ ဤသို့မဖြစ်ရန် ကြိုတင်ကာကွယ် ရှောင်ရှားရန်အတွက်ကို တတ်နိုင်သမျှ ကြိုးစားပြီးတော့ တစ်နေ့ကို တစ်နာရီခန့် ညနေခင်းတိုင်း အပြေးလေ့ကျင့်ခန်း လုပ်ပေမယ့် သူမသည်လည်း အပူလျှပ်ကာ ဖျားခဲ့တာပင်။