သူ့အခန်းရှိရာထပ်ခိုးပေါ်မတက်ခင်သန့်စင်ခန်းဝင်လိုက်အုံးမလို့တွေးရင်း အိမ်သာဘက်လျှောက်ခဲ့စဉ် မီးရောင်မှိန်နေတဲ့လူသွားလမ်းမှာတခုခုကန့်လန့်ကြီးရှိနေသယောင်တွေ့ရတော့ အနည်းငယ်လန့်သွားခဲ့၏။
'ဘာ...ဘာကြီးလဲ...'
ပထမတော့လန့်သွားသလိုဖြစ်ပေမယ့် အနီးရောက်တော့မှ စည်း' လဲကျနေတာကိုသိလိုက်သည်။
မူးပြီးလဲနေတာလို့သိလိုက်ကာ...လူကိုဆွဲထူဖို့ပြင်ရ၏။'စည်း...မင်းဖြစ်ရဲ့လား'
'....'
စည်း'ဆီမှဘာတုန့်ပြန်သံမှမထွက်လာပေမယ့်..သတိတော့အနည်းငယ်ရှိမည့်ပုံရသည်။
ခါးမှဆွဲထူပြီးနံရံဆီမှာကပ်ထိုင်စေလိုက်တော့
သူထိန်းလိုက်တဲ့အတိုင်းစည်းကငြိမ်သက်လို့နေသည်။'ဟို...အိမ်...သာ...'
'မင်း...အိမ်သာဝင်မလို့လား...ဝင်ပြီးသွားတာလား'
စည်းကသူမေးလိုက်တာကိုပြန်မဖြေပေမယ့်...
ခေါင်းလေးကိုဖြည်းညင်းစွာခါရမ်းလာတာကြောင့်...မသွားရသေးတာကိုသိလိုက်သည်။"အိမ်သာသွားမှာမလား၊ ငါထူပေးမယ်၊ ခဏလေး"
နံရံမှာမှီထားတဲ့စည်းရဲ့ပုခုံးတဖက်ကိုသိုင်းပြီးခါးကိုလက်တဖက်ကဖက်ထားကာထူရသည်။
ပြီးတော့မှအိမ်သာတံခါးကိုဖွင့်..ပင်လယ်ကိုယ့်ကိုကိုမတ်မတ်ရပ်ကာစည်း'ကိုထိန်းရင်း...အိမ်သာကမုတ်ရှေ့သေချာရပ်ရသည်။'မင်း...အပေါ့သွားဖို့လောက်တော့အဆင်ပြေတယ်မလား...'
'အင်း'
လေးလံနေတဲ့အင်းလိုက်သံက စည်းတော်တော်မူးနေကြောင်းသိသာလှသည်။
ဖြစ်ပါ့မလားလို့စိတ်ပူပေမယ့်...
မတ်တပ်ရပ်နိုင်ပုံရတော့စိတ်အနည်းငယ်အေးသွားပြီး နံဘေးလက်ကိုင်တန်းကိုကိုင်လို့ရအောင်သူ့လက်တစ်ဖက်ကိုပါဆွဲမပေးလိုက်သည်။
လက်ကိုင်တန်းဆီကိုစည်းလက်တွေဆုပ်မိတော့မှ
ပင်လယ်အိမ်သာအပြင်ကိုထွက်ဖို့ကိုယ်ကိုလှည့်လိုက်ပေမယ့်...အနည်းငယ်ခြေလှမ်းနောက်ကျသွားခဲ့တာ...ရေပလုံစီသံတွေကတမဟုတ်ချင်းကြမ်းတမ်းစွာ။
![](https://img.wattpad.com/cover/204095413-288-k873024.jpg)
YOU ARE READING
ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်
FanfictionUnicode avaliable at the end. YiZhan Fanfic Bromance ထက်တော့နဲနဲပိုမယ်...သိပ်တော့ မ ro ဘူး... Boys Love ပေမယ့်ခပ်ကြမ်းကြမ်းတွေမထည့်ရေးထားဘူး....(အဲဒီအတွက်အရမ်း ship ချင်တဲ့သူတစ်ချို့ကိုတောင်းပန်ပါတယ်) မူရင်းဝတ္ထုကခေတ်ဟောင်းဝတ္ထုဖြစ်နေပြီး...ဘာသာပြန်တဲ...