"စည်း...မင်း..ဟိုကိစ္စ...""တော်...ထပ်မပြောနဲ့..."
ဘယ်ကိစ္စကိုပြောချင်သလဲဆိုတာသိနေပြီးသားမို့ စည်းကပဲ စကားကိုပိတ်သည်။
ကြည်နူးနေရမယ့်အချိန်မှာ မလိုအပ်တာတွေကိုမတွေးချင်မိ။
နာသွားမှာစိုးလို့...ပင်လယ့်ကိုခပ်ဖွဖွလေးပဲဆွဲဖက်ရင်း တိုးတိုးလေးညည်းသည်။"မင်းကို အရမ်းလွမ်းနေခဲ့တာ...ပင်လယ်...
မင်းပျောက်သွားတော့ ငါ...အရူးတစ်ယောက်လိုပဲဖြစ်နေခဲ့တာ...
မင်းနဲ့ဝေးရရင်ဒီတစ်ခါဆိုတကယ်ရူးသွားလိမ့်မယ်..."တုန်ယင်နေတဲ့အသံနဲ့ပူနွေးစွတ်စိုလာတဲ့ပုခုံးကြောင့်...စည်း...ငိုနေပြီဆိုတာကိုသိလိုက်၏။
ငိုနေတဲ့စည်းကို လက်တစ်ဖက်နဲ့ဖက်ထားလိုက်သည်။"လာပြန်ပြီနောက်တစ်ယောက်...မျက်ရည်တွေနဲ့...ငါ့ကိုပြန်အိပ်အောင်လုပ်နေတာလား...စည်း...
မငိုနဲ့ကွာ...""အင်း.....တွေးမိတိုင်းစိတ်မကောင်းလို့ပါ...
ငါ့ကြောင့်မင်းအဲဒီလိုဖြစ်သွားခဲ့သလိုပဲ...""ဘာမှမဆိုင်တာပဲ..."
"တော်ပါသေးတယ်...
မင်း အချိန်တိုလေးနဲ့သတိပြန်လည်ခဲ့လို့..."တကယ်တော့ တစ်လဆိုတာ ပြောင်းလဲမှုတွေအများကြီးဖြစ်သွားနိုင်တာမို့ အချိန်တိုမဟုတ်ခဲ့။
စောင့်ဆိုင်းနေရတဲ့ သူတွေအဖို့ ကမ္ဘာလေးငါးခုစာဖြစ်နေခဲ့တာ စည်းကိုယ်တိုင်အသိပါပဲ။"မင်း...ဘယ်တော့ပြန်မှာလဲ..."
"ပြန်စေချင်နေတာလား..."
ဖက်ထားတာကိုပြန်ခွာပြီးစည်းကခပ်မဲ့မဲ့နဲ့မေးသည်။
"အဲလိုမဟုတ်ပါဘူး...အလုပ်တွေကဘယ်လိုလုပ်မှာလဲလို့...စိတ်ပူနေတာ..."
"ရပါတယ်.....အရင်တခါကလိုပဲ လုပ်စရာတွေကို မိုနာက မေးလ်ပို့လိမ့်မယ်...အဲဒါကိုအချိန်မီစစ်ဆေးပြီးပြန်ပို့ပေးရုံပဲ..."
"မင်းဒီကိုလာတာ သူတို့ဘာမှမမေးဘူးလား..."
"မေးတယ်...မိုနာကတော့ အံ့သြနေတာပဲ...
ဒါပေမယ့် ဘာမှမပြောဘူး။
ငါ့စိတ်ကိုသူသိနေတာများလားမသိဘူး.....
အားနာပေမယ့်ထားခဲ့လိုက်တယ်...
မင်းလောက်ဘာမှအရေးမကြီးလို့..."
YOU ARE READING
ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်
FanfictionUnicode avaliable at the end. YiZhan Fanfic Bromance ထက်တော့နဲနဲပိုမယ်...သိပ်တော့ မ ro ဘူး... Boys Love ပေမယ့်ခပ်ကြမ်းကြမ်းတွေမထည့်ရေးထားဘူး....(အဲဒီအတွက်အရမ်း ship ချင်တဲ့သူတစ်ချို့ကိုတောင်းပန်ပါတယ်) မူရင်းဝတ္ထုကခေတ်ဟောင်းဝတ္ထုဖြစ်နေပြီး...ဘာသာပြန်တဲ...