(🔞ညစ်ညစ်ပတ်ပတ်တွေပါမှာမို့ ဆန္ဒမရှိရင်ကျော်ခဲ့ပေးပါ)
တစ်ပတ်ဆယ်ရက်ဆိုပေမယ့်...နှစ်နဲ့ချီပြီးမတွေ့ခဲ့ရသလိုရင်ဘတ်ကြီးကအလွမ်းတွေနဲ့ပြည့်ကျပ်နေတော့...
အဲဒီအလွမ်းတွေကိုအချစ်ဖြစ်အောင်ပြောင်းလဲပစ်တော့မည်။
အချစ်ပန်းချီကားတစ်ခုရေးဆွဲမည့်စိတ်ကူးနဲ့...
သူတို့ခြေလှမ်းတွေထပ်တူနီးပါးလှမ်းနေဖြစ်ကြသည်။နူးညံ့သောအနမ်းတွေကတဖြည်းဖြည်းပူနွေးစိုစွတ်စွာမွတ်သိပ်လာပြီး နှုတ်ခမ်းဖျားတွေဆီကနေ လည်ပင်းအောက်ဘက်အထိစီးဆင်းလာသည်။
သူရောကိုယ်ပါ ကလေးတွေမဟုတ်ကြတော့လို့...
သွေးသားကိစ္စနဲ့ပတ်သက်ပြီး အစိမ်းသက်သက်တော့ဖြစ်နေမှာမဟုတ်။
ဒါပေမယ့်လည်း သဘာဝမဟုတ်တဲ့ ဆက်နွယ်ခြင်းတွေမှာ စိုးရွံ့နေမိတာကတော့အမှန်ဖြစ်သည်။
ဒါကိုပြောပြတိုင်ပင်ဖို့လိုအပ်မယ်မထင်ပေမယ့်...
ခွင့်တောင်းဖို့ကတော့လိုလိမ့်မည်။"မင်း...တကယ်ဆုံးဖြတ်ပြီးပြီလားပင်လယ်..."
"မသိတော့ဘူး...ကျွန်တော်လဲ ခင်ဗျားကိုလိုအပ်တယ်...
ခင်ဗျားလည်း ကျွန်တော့်ကိုလိုအပ်လိမ့်မယ်...
အဲဒါကြောင့် စဉ်းစားမနေနဲ့ရှုပ်တယ်..."နှုတ်ခမ်းနွေးနွေးလေးတွေကနောက်တကြိမ်ပူးကပ်သွားရင်း ...စည်းကသူ့ခါးလေးကိုဆွဲပွေ့ပြီးတော့အိပ်ယာပေါ်ဖြည်းဖြည်းလေးလဲချသည်။
သူ့ဒဏ်ရာတွေပျောက်ပြီဆိုပေမယ့်...အထိခိုက်ခံလို့မဖြစ်ဘူးမလား...
မိုးလိုရွာတဲ့အနမ်းတွေက...
နွေဦးရဲ့ညင်သာတဲ့မိုးပေါက်တွေလိုမျိုး...
စိုရုံပေမယ့်...နေရာမလပ်ဘဲစိပ်သည်။
အဝတ်တွေမရှိတော့တဲ့ပင်လယ့်ခန္ဓာကိုယ်လေးကို ဂုဏ်ယူစွာအနမ်းတံဆိပ်တွေခပ်နှိပ်ရင်း...
သိမ်းပိုက်လိုက်တဲ့နယ်မြေအသစ်တွေမှာ အနမ်းတွေရဲ့ခြေရာများစွာ။ကြွက်ကလေးကိုခုန်အုပ်ပြီးကစားတဲ့ကြောင်တစ်ကောင်လို စည်းရဲ့လှုပ်ရှားမှုတွေမြန်ဆန်နေတဲ့အတိုင်း၊
ပင်လယ့်ဆီကမောဟိုက်စွာညည်းညူသံလေးကလည်း တစတစနဲ့ကျယ်လာသည်။ဘာတစ်ခုမှမထိန်းချုပ်ထားချင်ကြတော့ဘဲ စိတ်လွှတ်ကိုယ်လွှတ် အချစ်ကောင်းကင်ကြီးထဲဝဲချင်ပြီ။
တားဆီးလာသမျှ အနှောင့်ယှက်တွေကို ဘေးချိတ်မည်။
YOU ARE READING
ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင်
FanfictionUnicode avaliable at the end. YiZhan Fanfic Bromance ထက်တော့နဲနဲပိုမယ်...သိပ်တော့ မ ro ဘူး... Boys Love ပေမယ့်ခပ်ကြမ်းကြမ်းတွေမထည့်ရေးထားဘူး....(အဲဒီအတွက်အရမ်း ship ချင်တဲ့သူတစ်ချို့ကိုတောင်းပန်ပါတယ်) မူရင်းဝတ္ထုကခေတ်ဟောင်းဝတ္ထုဖြစ်နေပြီး...ဘာသာပြန်တဲ...