ချန်းစီနျန်ဟာ ဝိုင်ခွက်လဲလှယ်တဲ့ အချိန်၌ အခြားနေရာသို့ ထွက်သွားဖို့ အခွင့်အရေး ရရှိခဲ့လေ၏။ သူ လူအုပ်ကြီးကို ဖြတ်သွားပြီးတဲ့ နောက်မှာတော့ နောက်ဆုံးတွင် သူမကို တွေ့ခဲ့လေသည်။
ချင်းစုယွဲ့ဟာ ခေါင်းကိုငုံ့နေကာ သူမ၏ ဂါဝန်အပေါ်တွင်သာ အကြည့်တို့ မြဲမြံနေလေသည်။ သူမကို ကြည့်ရသည်မှာ စိတ်ညစ်စရာကောင်းလှတဲ့ ဒေါက်ဖိနပ်ကိုသာ ကြည့်နေရင်း အချိန်ကို ကုန်ဆုံးစေနေရသည့်ပုံပင်။
ထိုအချိန်တွင် ချင်းစုယွဲ့ တစ်ကယ်ကို လုပ်ပစ်ချင်နေမိသည်ကတော့ သူမ၏ ထို ဒေါက်ဖိနပ်တွေအား ချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ယုံကြည်မှုရှိရှိဖြင့် လျှောက်လှမ်းလိုခြင်းသာ ဖြစ်လေ၏။
သူမရဲ့ ပုံရိပ်ကို ထည့်သွင်းစဉ်းစားနေရတာကြောင့်သာ ထိုပြင်းပြသည့် ဆန္ဒတို့အား ချိုးနှိမ်နေရတာ ဖြစ်သည်။ ဒါပေမယ့် သူမ ချင်းကွမ်းချန်ကို စိတ်ထဲတွင် ဆူပူနေမိတာကိုတော့ မဟန့်တားစေနိုင်ပေ။ ဘာလို့ သူက ဒီလို ရှည်လျားထွေပြားလှတဲ့ ပွဲတက်ဝတ်စုံ အရှည်ကြီးကိုမှ ရွေးချယ် ဝတ်ခိုင်းရတာလဲ? ဒီလို ဒေါက်ဖိနပ်အမြင့်ကို ဝတ်ရတာတွေ အားလုံးကလည်း သူ့ကြောင့်ပင် ဖြစ်၏။ ဒေါက်မြင့်ဖိနပ်တင် လုံးဝ မဟုတ်ပေ သူမ အခုလို စိတ်သောကရောက်နေရတာ အကုန်လုံး ချင်းကွမ်းချန်၏ အပြစ်ပင် ဖြစ်လေသည်။
သူမ အရမ်းကို စိတ်ဆိုးနေမိသည်။ နေရတာ အဆင်မပြေကြောင်း ချင်းကွမ်းချန်ကို မက်ဆေ့ခ်ျပို့လိုက်ရင်ရော?တစ်ကယ်တော့ သူမမှာ သူနှင့် လိုက်ပါလာခဲ့ရပြီး သူမိတ်ဆက်ပေးသမျှ ယောက်ျားလေးတွေ အများကြီးနှင့်လာည်း စကားပြောပေးပြီးပြီပဲလေ ... သူမ ဒီလောက်တောင် နာခံပြီးသွားတာ လုံလောက်ပြီ မဟုတ်ပါလား?
ချင်းစုယွဲ့မှာ ထိုအကြံက အဆင်ပြေကြောင်း တွေးမိသွားသည်နှင့် ခေါင်းကို ငုံ့ကိုင်းလိုက်ကာ သူမ၏ဖုန်းကို ရှာဖို့အတွက် အိတ်ကို လှန်လှောကြည့်ရှုလိုက်သည်။
ခဏကြာတော့မှ သူမ သတိရသွားခဲ့သည်မှာ အတော်လေးကို ဝမ်းနည်းစရာ ကောင်းလေသည်။ သူမကို အလှပြင်ပေးသူတွေမှာ သူမ၏ဝတ်စုံနှင့် လိုက်ဖက်သည့် လက်ကိုင်အိတ်ကို ရှာပေးခဲ့သည်ကို သတိရသွားလေသည်။ သူမ ဒီအိတ်ထဲသို့ ဘယ်တုန်းကမှ ဖုန်းကို မထည့်ခဲ့မိပေ။