ချန်းစီနျန်က လူအိုကြီးရဲ့ ရိုက်နှက်မှုတွေနှင့် အရွယ်ရောက် ကြီးပြင်းလာခဲ့ရတာ ဖြစ်သည်။ ချန်းစီနျန်မှာ ငယ်စဉ်ထဲက အကျိုးသင့်အကြောင်းသင့် မလျော်ကန်တတ်သူဖြစ်လျှင် သူ့ရဲ့ လူအိုကြီးမှာ ပို၍သာ အကျိုးသင့်အကြောင်းသင့် မလျော်ကန်တတ်သူ ... ပို၍ ခက်ထန်တင်းမာတတ်သူဖြစ်ပြီး သူ့ကိုရိုက်နှက်ဖို့အတွက် ဖုန်သုတ်သည့်ကြက်မွှေးတို့ ကြိမ်လုံးတို့ကိုပင် သုံးတတ်သေးသည်။
ဖြည်းဖြည်းချင်းနဲ့ သူ့မှာ လူအိုကြီးကို လက်လျှော့ဖို့ရာသာ တတ်နိုင်တော့သည်။
လူအိုကြီး ဘာပြောပြော ချန်းစီနျန်က စိတ်မပါတပါဖြင့်သာ တုံ့ပြန်ပြီး လိုင်မိသားစုနှင့် အခုမှ ဒီနိုင်ငံကို ပြန်ရောက်သည့် သူတို့သမီးဖြစ်သူတို့နှင့်အတူ ညစာ စားနေရသည်။
ချန်းစီနျန်မှာ တစ်ချိန်လုံး အေးစက်စက် အမူအယာနှင့်ပင် ဖြစ်လေသည်။ သူ ရောက်လာပြီး လိုင်မိသားစုရဲ့ လူကြီးနှစ်ယောက်ကို နှုတ်ဆက်ပြီးထဲက ဘယ်သူ့ကိုမှ မကြည့်တော့ပေ။
လိုင်မိသားစု၏ သမီးဖြစ်သူမှာ ချန်းစီနျန်ကို အကြိမ်တစ်ရာနီးပါးလောက် ကြည့်ပြီးတာတောင်မှ သူက ဘာတစ်ခွန်းမှ မပြောခဲ့သဖြင့် သူမမှာ အလွန်အမင်းကို မတရားသလို ခံစားနေရသဖြင့် နှုတ်ခမ်းကိုသာ ကိုက်လိုက်မိသည်။
ဝမ်ယဉ်းလင်က ဘေးကနေ သူတို့နှစ်ယောက်၏ အခြေအနေ တိုးတက်လာဖို့အတွက် ကြိုးစားဖန်တီးပေးနေရ၏။ သူမက ဆယ်ကြိမ်ထက်မနည်း ချန်းစီနျန်ကို သားသမီးတို့ဝတ္တရား မကျေပွန်သည့်အတွက် ဆူလေသည်။
ချန်းစီနျန်က အနည်းငယ်လောက် စားပြီးသွားတော့ လက်ကိုင်ပုဝါကို ကြော့ရှင်းသပ်ရပ်စွာ ယူလိုက်ပြီး သူ့နှုတ်ခမ်းထောင့်အား သေသေသပ်သပ် တို့သုတ်လိုက်သည်။ သူ မတ်တပ်ထရပ်လိုက်ကာ "ဆောရီး .. ကျွန်တော် သန့်စင်ခန်း သွားလိုက်ပါအုန်းမယ်" ထို့နောက်မှာတော့ ဘယ်သူ ပြန်ပြောတာကိုမှ မစောင့်တော့ပဲ သူ ချက်ချင်း ထွက်လာခဲ့၏။
နောက်ဆုံးမှာတော့ လိုင်မိသားစု မိဘနှစ်ပါး၏ မျက်နှာတို့မှာ အရုပ်ဆိုးသွားလေတော့သည်။