သား​လေးက​တော့ကျွန်​တေု့လက်​ပေါ်တွင်​နှစ်​ခြိုက်​စွာအိပ်​ပျော်​လို့​နေပြီ။

သားက ကျွန်​တော့ကိုမသိမ်းဘူးပဲ ။ ကျွန်​တော့လက်​ထဲ​ရောက်​ရင်​ကို ဟက်​ဟက်​ပက်​ပက်​ရယ်​မော​နေတာ။

လူကြီး​ပြောသလို သားက​သွေးသိတယ်​ထင်​ပါရဲ့။

အိမ်​ပြန်​ရောက်​တော့ ကား​နောက်​ဖုံးထဲက Wheel Chair ကိုအမြန်​ပြေးထုပ်​ပြီးသား​လေးကို​ပွေ့ထားသည့်​ကျွန်​တော့အား ကားထဲမှချီထုပ်​၍ Wheel Chair​ပေါ်သို့အသာချ​ပေး​လေသည်​။

ကားတံ​ခါးတွေအမြန်​ပြေးပိတ်​ပြီး​လေ​တော့ ကျွန်​တော့ Wheel Chair​လေးအား​ဖြေး​ဖြေးချင်းတွန်း၍အိမ်​ထဲဝင်​လာခဲ့​လေသည်​။

အိမ်​အ၀​ရောက်​ရောက်​ချင်းမှာပဲ Arjuma ကဦးစွာနှုတ်​ဆက်​သည်​။မျက်​ရည်​တွေပင်​၀ဲလို့ သား​လေးနိုးမှာဆိုး၍အသံတိတ်​ငို​ကြွေး​နေသည့်​ပုံပင်​။

'မ​တွေ့တာကြာပြီ​နော်​Arjuma´

'သခင်​လေး´

နှုတ်​ဆက်​လိုက်​သည့်​ကျွန်​တော့​ဘေးတွင်​ဒူး​ထောက်​ထိုင်​ချလိုက်​ပြီး ရှိုက်​ကြီးတငင်​ငို​ကြွေးလာသည့်​Arjuma ပခုံးဆီသို့အား​နေသည့်​လက်​တစ်​ဖက်​ဖြင့်​ပုတ်​၍နှစ်​သိမ့်​ပေးလိုက်​လေသည်​။

သား​လေးက​တော့ Arjuma ငို​သံ​ကြောင့်​ထင်​ပါရဲ့ လှုပ်​လှုပ်​ရွရွဖြစ်​လို့လာ​၏။

'Arjuma Byunnee​လေးကို Byunnee​လေးအခန်းထဲ​ခေါ်သွားပြီးကြည့်​ထား​ပေးပါဦး​နော်​ကျွန်​တော်​Baby ကိုလိုအပ်​တာ​တွေလုပ်​ပေးလိုက်​ဦးမယ်​´

'Nae သခင်​လေး ´

'လူကြီး သား​လေးကိုဝ​အောင်​ကြည့်​ပါရ​စေဦး ကျွန်​တော်​ကအဆင်​ပြေတယ်​နော်​သား​လေးကိုကျွန်​တော်​နဲ့ခွဲမထားပါနဲ့´

ကျွန်​တော်​သား​လေးရဲ့မျက်​နှာကိုအလွတ်​ကျက်​ချင်​သေးတယ်​လေ​ဗျာ။ အခုမှနိုးထလာတဲ့ကျွန်​တော့အဖို့မှာ သား​လေးပင်​၆လပြည့်​မွေး​နေ့ပွဲကျင်းပပြီးလို့​နေခဲ့ပြီ ။ အမှန်​ဆို ကျွန်​တော့လက်​ထဲမှာသား​လေးက​မွေးကင်းစက​လေး​လေးအရွယ်​ကထဲကရှိ​နေရမှာ သား​လေးကိုခုလိုအရွယ်​ရောက်​သည်​အထိကျွန်​တော်​ထိန်း​ကျောင်း​စောင့်​ရှောက်​နေခဲ့ရမှာအခု​တော့။ ကျွန်​တော့သား​လေးက ၆ လတဲ့​လေ။ တစ်​ချိန်​လုံးလူကြီးပင်​ပန်း​နေခဲ့ရရှာမှာပဲ။

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now