ep 28 (Unicode)

Începe de la început
                                    

Luggage အားကား​နောက်​ဖုံးထဲသို့ ဆွဲသွင်းလိုက်​ပြီး ။ ကားအသစ်​စက်​စက်​က​လေးနဲ့ဦးတည်​ချက်​က​တော့ ။ Xiao အိမ်​တော်​ဆီသို့......။

ပိတ်​သိပ်​နေတဲ့ မြို့ထဲ၌မဟုတ်​သော်​လဲ VIP ရပ်​ကွက်​မို့ထင်​ပါရဲ့ လူချမ်းသာ​တွေ​နေထိုင်​သည့်​နေရာတွင်​လဲ စား​ရေး​သောက်​ရေးကအခက်​အခဲမရှိရနိုင်​သေးသည်​24 Hr ဆိုင်​တွေပင်​မနည်း​ဆောက်​လုပ်​ထားပြီး စား​သောက်​ဆိုင်​အ​တော်​များများလဲရှိ​သေး၏။

အိမ်​အမှတ်​(947) ဆို​သော အိမ်​ကြီး​ရှေ့၌ကား​လေးအားကပ်​၍ရပ်​လိုက်​ကာ။

ခြံဝန်းတံတ်ိုင်းရှိ Bell​လေးနှိပ်​လိုက်​လေသည်​၊

'ဘယ်​သူနဲ့​တွေ့ချင်​လို့ပါလဲရှင့်​?'

(တရုတ်​လို​ပြောလိုက်​တာပါ​နော်​😁 တရုတ်​လိုအ​ခေါ်အ​ဝေါ်​တွေသိပ်​မသိ​တော့ နည်းနည်း​တော့ဂွမ်းသည်​အဆင်​ပြေသလိုသာဆွဲဖတ်​ပြစ်​😂)

အိမ်​အတွင်းနှင့်​ချိတ်​ဆက်​ထား​သော Voice Box​လေးမှထွက်​ပေါ်လာသည့်​အိမ်​တော်​ထိန်းအမျိုးသမီးအသံအား ။

'Park Chan Yeol လို့​ပြောလိုက်​ပါ Oh Sehun ကို'

အပိုအလိုစကားဆိုမ​နေ​တော့ပဲ ဒဲ့တိုးသာ​ပြောလိုက်​မိသည်​။

'ဟုတ်​ကဲ့ရှင့်​'

ပြန်​လည်​ဖြေကြားပြီးသည့်​နောက်​တွင်​ခြံတံခါးပွင့်​လာခဲ့​လေသည်​။ ခြံဝန်းကျယ်​ကြီးထဲသို့ ကား​လေး​မောင်း၍ခပ်​အေး​အေးသာဝင်​လာခဲ့လိုက်​လေသည်​။

ကျွန်​တော်​ဘယ်​သိနိုင်​ပါ့မလဲ ဒီအချိန်​ထိအပူအပင်​မရှိပါပဲ ချစ်​ရသူနှင့်​အလွမ်းသယ်​ဖို့ကိုသာ ရင်​ခုန်​နေသည်​ကို။

မကြာခင်​မိနစ်​ပိုင်းအတွင်းမှာ ရင်​ကွဲမတက်​နာကျင်​လာရ​တော့မယ်​လို့ ကျွန်​တော်​ကြိုမ​တွေးခဲ့မိဘူး​လေ။

'မင်္ဂလာပါ Park Chan Yeol ဦးက Xiao Lu Han ရဲ့ PaPa ပါ ဒါက​တော့ဦးရဲ့ဇနီး Xiao MaMa​ပေါ့'

'မင်္ဂလာပါ Xiao လူကြီးမင်းနဲ့ဇနီးခင်​ဗျာ့​တွေ့ရတာဝမ်းသာပါတယ်​'

{ Infinitely Loved } (Complete)(zawgyi & Unicode)Unde poveștirile trăiesc. Descoperă acum