SUS Extra Final Part

18.1K 1.7K 55
                                    

Zawgyi

လေပြေလေညှင်းလေးတွေ ဝှေ့ဝိုက်ကာဆောင်းဝင်ကာစမို့ မြူခိုးတွေဝေ့နေတဲ့ G မြို့ရဲ့ နံနက်ခင်းကို Xiao Zhan ငေးမောကြည့်နေမိသည်။

အရာအားလုံးသည် ဤနေရာတွင် စတင်ခဲ့ပြီး ဤနေရာမှာပဲ အဆုံးသတ်သွားပြီ မဟုတ်ပါလား။ ဒီနေ့သည် Zhan Zhan ရဲ့  ၂၁ နှစ်ပြည့်မွေးနေ့ဖြစ်သလို Xiao Zhan အနေနဲ့ System ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသည့် ပထမဆုံးနေ့ဆိုလည်း မမှားနိုင်ပေ။

ယနေ့မှစ၍ သူသည် Zhan Zhan အနေနဲ့ ရှင်သန်စရာမလိုတော့ပဲ သူ့စိတ်ကြိုက်
နေထိုင်လို့ရပြီမဟုတ်ပါလား။ တစ်လျှောက်လုံး Points 100 ပြည့်ဖို့ကို မျှော်လင့်ပြီးနေလာခဲ့ပေမယ့် တကယ်တမ်း လွတ်မြောက်သွားတော့လည်း သူအပြည့်အဝ မပျော်နိုင်ပေ။
Zhan Zhan နေရာကို ဝင်ယူပြီး ယခုလို နေသင့်သလား သူမသိပေမယ့် Yibo ကို လက်လွှတ်ဆုံးရှုံးခံဖို့လည်း သူထံ အင်အားမရှိပေ။ ဘယ်လိုပဲ သူများနေရာ ဝင်ယူထားဆိုပေမယ့် Yibo အပေါ် ထားတဲ့ သူ့ရဲ့ အချစ်ကတော့ အစစ်အမှန်ပဲ မဟုတ်ပါလား။

" Zhan Ge .... Happy Birthday "

Xiao Zhan ရဲ့ ခါးသွယ်သွယ်လေးကို
ဖက်တွယ်လာပြီး နားနားကပ်ကာ သာယာငြိမ့်ညောင်းစွာ ဝင်လာတဲ့ ရင်းနှီးနေတဲ့ အသံလေးနဲ့ ရင်ခွင်မှ အနွေးဓာတ်ကြောင့် လှည့်မကြည့်လဲ ဘယ်သူမှန်းသိသည်မို့ Xiao Zhan ပြုံးလိုက်မိသည်။

" ကျေးဇူး... Yibo "

" Zhan Ge... မွေးနေ့လက်ဆောင် ဘာလိုချင်လဲ "

ရင်ခွင်ထဲမှ ရုန်းထွက်ကာ Xiao Zhan နောက်လှည့်ပြီး Yibo ရဲ့ မျက်နှာချင်းဆိုင်ကာ တဖြည်းဖြည်းအရွယ်ရောက်လာပြီ ဖြစ်တဲ့ မာန်အပြည့်နဲ့ Yibo ရဲ့ မျက်နှာချောချောကို ငေးမောကြည့်ရင်း လေသံပျော့ပျော့လေးနဲ့သူပြောလိုက်သည်။

" ဒီအတိုင်းလေး.... ဒီတိုင်းလေးပဲ
Ge ဘေးနားမှာ တစ်သက်လုံး ရှိနေပေးရင် ရပြီ။ "

" Zhan Ge... ဘာတွေ အစားမှားလာတာလဲ။ ပြစမ်းပါဦး နေမကောင်းလို့လား "

Yibo က Xiao Zhan မျက်နှာကို ဆွဲယူပြီး သူ့နဖူးနဲ့ Xiao Zhan နဖူးကို ကပ်ကာ အဖျားတိုင်းနေသည်မို့ အရင်က အကြောင်းကို ပြန်စဉ်းစားမိပြီး သူရယ်လိုက်မိသည်။

SHUT UP !! SYSTEM !! Where stories live. Discover now