SUS Part 15

17.3K 2K 53
                                    

Zawgyi

ထူထဲစွာ ပတ်လည်ဝိုင်းနေသော မြူတွေကြောင့် အရှေ့ကိုတောင် သေချာမမြင်ရတာမို့ Xiao Zhan စမ်းတဝါးဝါးနဲ့ ဖြည်းဖြည်းခြင်း လျှောက်လှမ်းနေမိသည်။ ဘယ်ရောက်နေမှန်းလဲ သူမသိသည်မို့ ဦးတည်ရာမဲ့ စမ်းတဝါးဝါးနဲ့သာ မြူတွေကြားထဲ လျှောက်သွားနေရင်း တစ်စုံတစ်ယောက်၏ ကျောပြင်ကို တွေ့လိုက်ရသည်မို့ ထခုန်မတတ် ဝမ်းသာသွားမိသည်။

အနားနီးလာတော့ ရင်းနှီးနေတဲ့ နောက်ကျောကြောင့် ဘယ်သူဆိုတာ သူတန်းသိလိုက်သည်။

" Yibo .... ငါတို့ ဘယ်ရောက်နေတာလဲ " Xiao Zhan ပခုံးကို ပုတ်ပြီး ခေါ်လိုက်တော့ Yibo က လှည့်ကြည့်လာပြီး သူ့ကို အေးစက်ပြီး အသက်မပါသော မျက်လုံးအစုံနှင့် စိုက်ကြည့်လာသည်။

" ဘယ်သူလဲ ? "

" နောက်မနေနဲ့... ငါတို့ဘယ်ရောက်နေတာလဲ
ဒီနေရာကြီးက ကြောက်စရာကြီး "

Yibo က ဘာမှ ဆက်မပြောတော့ဘဲ အရှေ့ကို ပြန်လှည့်သွားသည်မို့ Xiao Zhan ဒေါသက ထွက်လာပြန်သည်။
ကြောက်ပါတယ်ဆိုမှ သူကပါ အူကြောင်ကြောင်ပုံလုပ်ပြီး လာခြောက်နေတာလား။

" ဟေ့ Wangyibo !! ဘာဖြစ်နေတာလဲ ?
အရှေ့မှာဘာရှိလို့လဲ ဘာတွေလိုက်ကြည့်နေတာလဲ "

Xiao Zhan အော်ဟစ်ပြီး Yibo ငေးစိုက်ကြည့်နေတဲ့ နေရာကို လိုက်ကြည့်လိုက်တော့ သူထအော်မတတ်လန့်သွားမိသည်။ ခေါင်းထဲမှာ ချာလည်လည်သွားသလို ခံစားချက်ကြီးနဲ့အတူ သူ့ကိုယ်သူ ဒီကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာတောင် ခံစားလို့မရတော့။

" Zhan Zhan လား ? ဘာတွေဖြစ်နေတာလဲ"
Xiao Zhan သူ့လက်တွေသူ ပြန်ငုံ့ကြည့်လိုက်တော့ အခုမှ သူသဘောပေါက်သွားသည်။ သူ့အရင် ခန္ဓာကိုယ်အတိုင်းပြန်ဖြစ်နေတာပဲ။ ဒါကြောင့် Yibo က သူ့ကိုမမှတ်မိတာ။

Zhan Zhan ကိုယ်ထဲ သူဝင်နေတာကြာပြီမို့
တစ်သားတည်းဖြစ်နေပြီး သူ့ဘဝမှန်တောင် သူမေ့နေတာကြာပြီဖြစ်သည်။ အခုမှ သူသတိထားမိတာ ပျင်းစရာကောင်းလွန်းတဲ့ အရင်ဘဝထက် Zhan Zhan အနေနဲ့ နေရတာကို သူပိုပျော်မိသလိုပဲ။

Zhan Zhan ဆီကို တစ်လှမ်းဆီ တိုးတိုးသွားတဲ့ Yibo နောက်ကျောပြင်ကို မြင်နေရပေမယ့်လဲ သူမတားဆီးဖြစ်။

SHUT UP !! SYSTEM !! Where stories live. Discover now