SUS Part 09

18.6K 2.5K 53
                                    

Zawgyi

အအိပ်အလွန်မက်သော Xiao Zhan အတွက် မနက် ၄ နာရီလောက် အိပ်ယာက ထရခြင်းသည် သူ့အတွက်တော့ အတော်လေးကို ပင်ပင်ပန်းပန်းနဲ့ ကြိုးစားရခြင်းဖြစ်သည်။ သနားစရာ System လေးမှ ကူညီပြီး ကြိုးစားပမ်းစား နှိုးပေးမှုကြောင့် နောက်ဆုံးတော့ ညို့ငင်ဆွဲဆောင်မှုအားပြင်းလှသော အိပ်ယာထက်မှ သူအောင်မြင်စွာ ထလာနိုင်ပြီဖြစ်သည်။

အပြင်လောကကြီးက မှောင်မဲနေသောလဲ အမှောင်ကြောက်တတ်သော Yibo ကြောင့် တစ်ခန်းလုံးကို မီးတွေထိန်လင်းအောင် ထွန်းထားသဖြင့် သူအတွက်က ပိုလွယ်ကူသွားသည်။

အိပ်ယာထက်မှ အသာအယာ ထလိုက်ပြီး
မနေ့ညကတည်းက စီစဉ်ထားသော အဝတ်အစားအရင်လဲလိုက်သည်။ ထို့နောက်မှ ဖုန်းနဲ့ ပိုက်ဆံအိတ်ကိုယူပြီး အပြင်ထွက်ခါနီးမှ အိပ်ယာထက်မှာ အိပ်မောကျနေသော Yibo ကို လှည့်ကြည့်လိုက်မိတော့ ကလေးလေးတစ်ယောက်လိုဖြူစင်စွာ အိပ်မောကျနေသည်ကို တွေ့လိုက်ရ၍ Xiao Zhan ပြုံးလိုက်မိသည်။

Yibo နဲ့ မကြာခဏဆိုသလိုပင် တစ်ကုတင်တည်း တူတူအိပ်ဖူးသော်လည်း Yibo အိပ်ပျော်နေသည်ကို မြင်ရတာ ဒါပထမဆုံးဖြစ်သည်။ အရင်ဆို သူပဲအရင်အိပ်ပြီး နောက်မှ နိုးတာလဲ သူပဲဖြစ်သည်လေ။ အခုလိုကျတော့လဲ အိပ်နေတဲ့ ပုံစံလေးက ချစ်စရာကောင်းတာပဲ။

အမြဲတမ်း သုန်မှုန်နေတဲ့ ရေခဲရိုက်ထားသလိုမျက်နှာရယ် အရည်လဲ့နေတဲ့ ခံစားချက်မဲ့ မျက်ဝန်းနက်နက်ကြီးတွေရယ် သေသပ်စွာ ဖိကပ်ထားလေ့ရှိတဲ့ နှုတ်ခမ်းဖူးဖူးလေးရယ်က
အခုချိန်မှာတော့ ပတ်ဝန်းကျင်ကို မေ့လျော့ထားပြီး အပူပင်ကင်းစွာ အိပ်မောကျနေတဲ့ ဖြူစင်လွန်းတဲ့ ကလေးငယ်တစ်ယောက်လို မြင်နေရသည့် မြင်ကွင်းက တကယ့်ကို အဖိုးထိုက်တန် လွန်းလှသည်။

Xiao Zhan သူကိုယ်တိုင်တောင် မသိလိုက်ဘဲ Yibo အိပ်ပျော်နေသည့် ဘေးနားကို လျှောက်သွားလိုက်မိသည်။ အနီးကပ်ကြည့်လေ ပိုချစ်စရာကောင်းလေပဲမို့ Yibo ရဲ့ ပါးမို့မို့လေးကို လက်ညိုးလေးနဲ့ အသာဖွဖွလေးထိုးလိုက်တော့ အိခနဲ အထိအတွေ့နဲ့အတူ သူ့လက်ညိုးထိပ်ကလေးက Yibo ရဲ့ ပါးအိအိထွေးထွေးလေးတွေထဲ နစ်ဝင်သွားလေသည်။ ဒီအကောင်ပေါက်လေးကတော့ လူက ချောရတဲ့ ကြားတဲ့ အသားအရည်ကပါ ကလေးပေါက်စလေးတွေရဲ့ အသားအရည်လို ချောမွတ်အိဖတ်နေလိုက်တာ။ ဘုရားသခင်က တကယ်မတရားတာပဲ။

SHUT UP !! SYSTEM !! Where stories live. Discover now