SUS Part 03

22.7K 2.8K 61
                                    

Zawgyi

" Wang Yibo...ဘယ်လောက်တိုက်ဆိုင်တာလဲ။ မင်းလည်းဒီကိုလာတာလား။ "

Xiao Zhan System ဆီကရတဲ့ အချက်အလက်တွေအရ Yibo က ဒီစကိတ်ကွင်းလေးမှာ စကိတ်စီးလေ့ကျင့်လေ့ရှိမှန်းသိ၍ တမင်လာစောင့်ခြင်းဖြစ်သည်။
ခပ်တည်တည်နဲ့ မျက်နှာချိုသွေးပြီး နှုတ်ဆက်လိုက်သော်လည်း ထုံးစံအတိုင်း မျက်စောင်းကြီးခဲပြီး စိုက်ကြည့်နေပြန်တဲ့ Wang Yibo ကြောင့် Xiao Zhan ငိုရမလို ရယ်ရမလို ဖြစ်သွားသည်။

" အယ် Wang Yibo အချင်းချင်းတွေကို
အဲ့လောက်ကြီးလဲ မစိမ်းကားစမ်းပါနဲ့။ Wang Yibo !! "

" Wang yi....bo......"

" Wang လောင်ရှီ "

" ညီလေး Yibo "

" ပေါက်စလေး Yibo "

" ဝေ့ !!!! "

ဘယ်လိုခေါ်ခေါ် ပြန်မထူးတဲ့ အဆုံး Xiao Zhan ရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားပြီ ဖြစ်သည်။
ဘယ်လောက်ခေါ်ခေါ် ဘာမှ မကြားသလို မမြင်သလို လုပ်နေတဲ့ ဒီပေါက်စလေးကြောင့် ကြာပန်းဖြူလေးလို ဆက်ပြီးဟန်မဆောင်နိုင်တော့မည်မထင်။

အရင်က Xiao zhan ဘယ်သူရှေ့မှာမဆို
သူ့ရဲ့ စိတ်ခံစားချက်အစစ်အမှန်ကို ဘယ်တော့မှ ထုတ်ပြလေ့မရှိပေ။
စိတ်ဆိုးသည်ဖြစ်စေ ပျော်နေသည်ဖြစ်စေ
မည်သည့် အခြေအနေမျိုးမှာမဆို
Xiao Zhan မျက်နှာသည် ပကတိအတိုင်း
တည်တည်ကြည်ကြည်ပဲ ရှိသည်။ 
တကယ်တော့ သူ့ခံစားချက်အစစ်အမှန်တွေ
ပေါက်ကွဲထွက်လာအောင် လုပ်နိုင်သူမရှိဟု
ဆိုလျှင်ပိုမှန်လိမ့်မည်။ ဒီကမ္ဘာကို စရောက်တည်းက ဒေါသထွက်စရာတွေကြီး ဆက်တိုက်ကြုံရလွန်းလို့ စိတ်ဆတ်နေပါသည်ဆိုမှ ဒီ Wang Yibo နဲ့ တွေ့ပြီး ထပ်အချေခံရတော့ Xiao Zhan ဒေါသတွေက မျက်နှာအပြင်တောင် လျှံကျနေပြီး မဖုံးမဖိနိုင်တော့ပေ။ အရင်ကဆို ဒီလိုဖြစ်အောင်လုပ်နိုင်သည်မှာ တကယ့် ရှားပါးဖြစ်စဉ်ဟုဆိုနိုင်သည်။

" WOW WANG YIBO !! မင်းလူရော ဟုတ်ရဲ့လား ? လူတစ်ယောက်ဖြစ်ပြီး ဘာလို့ ဒီလို လုပ်ရက်နိုင်ရတာလဲ။တစ်ယောက် ယောက်က နှုတ်ဆက်ရင် ပြန်နှုတ်ဆက်
ရမယ်ဆိုတာ မင်းကို ဘယ်သူမှ မသင်ပြပေးဘူးလား။ "
Xiao Zhan ပြောလိုက်သည့် စကားက
ဒီတစ်ခါတော့ ကျောက်ရုပ်လေးကို
ကိုင်လှုပ်နိုင်လိုက်သည်ထင်ပါ့။
စကိတ်စီးနေရာမှ ချက်ချင်းရပ်ပြီး
လှည့်ကြည့်လာသည်။
ရိုးရာမပျက် မျက်စောင်းကြီးနဲ့ပေါ့။

SHUT UP !! SYSTEM !! Where stories live. Discover now