အန်းလု ကိုင်ထားသောသူ၏လက်အား
အနေအထားပြောင်းကာ
သူက ပြန်လည်ဆုပ်ကိုင်လိုက်သည်။
ကျောပိုးအိတ်ကိုမူ သူ၏ပုခုံးတွင်
တင်လိုက်ပြီး အန်းလုအား"ပြန်ရအောင်လေ......."
"............"
အန်းလု ကြောင်တောင်တောင် ဖြင့်ပင်
ချီရှန်းနောက်သို့ ပါသွားတော့သည်။........................... .......................
"ဘာမှမဖြစ်ဘူး.... ဘာမှမဖြစ်ဘူး..... "
ချီရှန်းနှင့်အန်းလုတို့ လမ်းဘေးတနေရာရှိ
ခုံတန်းလျားတစ်ခုတွင်ထိုင်နေကြသည်။
အန်းလုက သူ၏မျက်နှာအား
လက်နှစ်ဖက်ဖြင့်အုပ်ကာထားသည်။ချီရှန်းကအန်းလု၏ ကျောပြင်အား
အသာခပ်ဖွဖွပွတ်ပေးနေရင်း
ချော့နေပုံရသည်။အန်းလု က ချီရှန်းကိုကြည့်လိုက်ပြီး
"ရှက်လိုက်တာ......အီး......."
မျက်နှာကြီးမှာ ရှုံမဲ့လျက်
ပါးနှစ်ဖက်ကလည်းနီရဲနေသေးသည်။
ချီရှန်းက အန်းလုကိုသေချာကြည့်နေပြီးမှ
သူ၏မျက်နှာကို ဘေးသို့ခတ္တခဏလှည့်လိုက်ပြီး
လက်သီးဆုပ်ကာချောင်းဟန့်လိုက်သည်။"အဟမ်း....အဟမ်း...."
အန်းလုက မျက်မှောင်ကြုတ်လိုက်ပြီး
"ရှန်းရှန်း.... ကျွန်တော့ကိုကြိတ်ရီနေပြန်ပြီလား"
ချီရှန်းကလက်သီးဆုပ်ကိုဖြေကာ
လက်ကာပြလိုက်သည်။"အာ....မဟုတ်ပါဘူး....ရီစရာလား....
ဝမ်းသာနေတာပါ...အန်းလုအဲ့ဒီလိုမျိုး
သတ္တိတွေရှိလိမ့်မယ်လို့ တကယ်ထင်မထားဘူးဒီခံစားချက်က ဘယ်လိုပြောရမလည်းဆိုတော့
အမ်း......ကိုယ့်အသက် ၁၆ နှစ်အရွယ်မှာ ပထမဆုံး
ဦးဆောင်တိုက် ခဲ့တဲ့ လျို့ထူ စစ်ပွဲမှာ
အနိုင်ရခဲ့လို့ ရဲမက်တွေရဲ့ရှေ့
ဂုဏ်ယူစွာနဲ့လျှောက်လှမ်းရသလိုပဲ.....""ဘာဆိုင်လို့လည်း.....ဘယ်ကစစ်ပွဲက
ပါလာရပြန်တာလည်း...ရှန်းရှန်းတို့သာ
လျောက်လုပ်မနေရင် ကျွန်တော် ဒီသမိုင်းကို
သင်ရမှာမဟုတ်ဘူး အဲ့တုန်းက ငြိမ်ငြိမ်လေးနေခဲ့သင့်တာ စားလိုက်အိပ်လိုက်ပဲလုပ်နေတာမဟုတ်ဘူး
YOU ARE READING
Love, but Hurt (We meet again) Season 2( Completed)
Romanceအကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တ...
အပိုင်း ၁၀
Start from the beginning