Chapter 1

10.3K 705 15
                                    

Chapter 1

နက်​ရှိူင်းသည့် တောအုပ်​ကြီးထဲတွင်​, ​
ယောကျာ်းတ​စ်ယောက်​ ​ပြေးလွှား​နေသည်​။
ထို​ယောကျာ်းအား
လိုက်​လံဖမ်းဆီး​နေကြသည့် တိမ်​လိုမျိုး
အနက်​​ရောင်​ဝတ်​ဆင်ထား​သည့် လူတွေဆီကနေ
ထိုလူဟာ လွတ်​​မြောက်​​အောင်​ ကြိုးပမ်းနေရရှာသည်။

ထိုသူ့အနားတစ်​ဝှက်​မှာ စွမ်းအင်​အပြည့်နှင့်
သန်​မာသည့် အ​ရောင်​အဝါ​တွေရှိ​နေ​ပေမဲ့လည်း
ဝမ်းဗိုက်​က ဒဏ်​ရာ​ကြောင့် ​ပြေးလို့မရပေ။
ထိုသူ လုပ်နိုင်​တာတစ်ခုက​တော့ သူ့ကိုယ်​သူ ဖုံးကွယ်​ပြီး ပုန်းဖို့​နေရာရှာဖို့ပဲ။

တိုက်​ခိုက်​ပြီး လိုက်​လံဖမ်းဆီး​နေ​ကြသည့်
လူ​တွေဆီက​နေ အ​ကောင်းဆုံး ​ရှောင်​နိုင်​ဖို့
ကြိုးစား​နေခဲ့သည်​။ အိမ်​ငယ်​​လေးတစ်​လုံးဆီ​
ပြေးဝင်​သွားပြီး သစ်​သားပုံကြားထဲ ဝင်​ပုန်းနေလိုက်​လိုက်တော့သည်။

သူ့ရဲ့ အရှိန်​အဝါကို ဖုံးကွယ်​ဖို့အတွက်​
မျက်​ဝန်းတွေကို ပိတ်​လိုက်​ကာ ထိုသူ​တွေ
အ​ဝေးထွက်​သွား​အောင်​ ​စောင့်ဆိုင်းနေခဲ့သည်။

ထိုသူ့နာမည်​က​တော့ Wu Luiyin
(ဝူလျှိုယင်) ပင် ဖြစ်သည်။

             >>>>>Dark lord<<<<<

Jin(ကျင်း) ဟာ ​ဆေးပင်​တစ်ချို့နှင့်
ဟင်းသီးဟင်းရွက်​တဟ်ချို့ကို ခူးယူးပြီး​နောက်​
သူ့၏ အိမ်​ငယ်​​လေးရှိရာကို လမ်းလျှောက်​ပြန်​လာသည်​။ အသားအချို့အတွက်​ အမဲလိုက်​ခဲ့သည်။
သူ့အိမ်​ငယ်​​လေးနှင့် ဆယ်​​ပေ​လောက်​
နီးကပ်​လာချိန်​မှာ ​ဖျော့​တော့သည့် အရှိန်​အဝါနှင့်
စွမ်းအားရှိသည့် တစ်စုံတ​စ်ယောက်​ကို
ခံစားမိလိုက်​သည်။

ထွက်​​ပြေးရမည့်အစား, သူ့အိမ်​​လေးထဲကို
ဝင်​လာတော့သည်။
တစ်​စုံတစ်​ခုက ဒီလိုပုံစံမျိုးဖြစ်​တာ
ပထမဆုံးအကြိမ်​မှ မဟုတ်​တာဘဲ​လေ။

သူ့အိမ်​ထဲလည်း ရောက်​​ရော
​ဖျော့​တော့​သည့် သွေးနံ့ကို ရလိုက်​သည်​။
သူ့ပစ္စည်းတွေကို ချရင်း ​ဖြေး​ဖြေးချင်း
မျက်​လုံးကို ​ရွှေ့ကြည့်လိုက်​​တော့
သူ့အိပ်​ယာနှင့်  ဆန့်ကျင်​ဘက်​မှာ
လဲလှောင်းနေသည့် ယောကျာ်းတ​စ်ယောက်​ကို ​
တွေ့လိုက်​ရသည်။

Dark Lord MM Translation Where stories live. Discover now