အငြိုးပြေစေ Chapter 22

888 87 5
                                    


ရဲစခန်းမှတရားခံ ခြေရာခံမိသည့်ဓာတ်ပုံတွေ ရတာမို့လာကြည့်ဖို့ပြောတာကြောင့် ကျွန်တော်တို့ သွားကြည့်ဖြစ်ကြသည်။

❤ကျွန်တော်ဒီလူကိုမြင်ဖူးသလိုပဲ တစ်နေရာမှာမြင်ဖူး
တယ်

Sonရဲ့အပြောကြောင့် စခန်းမှုး
ရော အကိုအဂ္ဂပါ sonကိုစူးစမ်း
ကြည့်နေကြသည်။

❤မြင်ဖူးတာတော့သေချာတယ်
မမှတ်မိဘူး...

"သေချာစဉ်းစားလို့ အဖြေရရင်
ကျွန်တော်တို့နဲ့ပူးပေါင်းပြီး တရားခံကိုရှာဖွေဖို့ကူညီစေ
ချင်ပါတယ်"
❤ဟုတ်ကဲ့ပါ စခန်းမှုး သတင်းထူးရင် ဆက်သွယ်လိုက်ပါ့မယ်
ကျွန်တော်တို့ကိုခွင့်ပြုပါအုံး

အကိုအဂ္ဂ နှင့်ပြန်ခဲ့ပေမယ့်တွေး
လို့မရတဲ့စိတ်အစဉ်က အတော
မသတ်နိုင်ခဲ့ပါ။

ကိုကိုကတော့ဆေးရုံမှာသတိမရသေးသည့်ဒယ်ဒီထံရောက်နေတာမို့ အကိုအဂ္ဂကဆေးရုံသွား
မှာဆိုပေမယ့်sonကတော့အိမ်
ပဲပြန်မယ်ပြောတာကြောင့် ပြန်
လိုက်ပို့ပေးပြီးမှ ဆေးရုံကိုဆက်
သွားခဲ့သည်။

အလုပ်သမားတွေအကုန်အောက်
ထပ်မှာအလုပ်ရှုပ်နေတာမို့
Sonကိုယ့်ပါသာအတွေးတွေနဲ့
မမအခန်းထဲကဟိုတစ်ခါမြင်မိတဲ့
လပ်တော့ကိုသွားရှာမိခဲ့သည်။

"Pin... ငါအရမ်းလွမ်းတယ်
ငါတို့မောင်နှစ်မတွေဘယ်ချိန်ထိ
ဝေးနေရအုံးမှာလဲမသိဘူးနော်
နင်ပြန်ခဲ့ပါတော့...."

မမ လပ်တော့ပ်ထဲကစာစောင်
တစ်ချို့ကြောင့်Sonမျက်ရည်
တွေဝဲမိသည်။လွန်ခဲ့တဲ့ ၃နှစ်ကျော်ကမမပုံလေးတွေကြည့်ရင်းစောစီးစွာလူ့လောကထဲက
ထွက်ခွာသွားရှာတဲ့မမအတွက်
စိတ်မကောင်းလည်းဖြစ်မိသည်။

မမ ဓာတ်ပုံဖိုင်တွေVideoက
လစ်တွေကိုလိုက်ကြည့်မိရင်း
တစ်ခုသောဖိုင်ဆီအရောက်...
အာရုံတွေစူးစိုက်မိခဲ့ရသည်။

အခန်းတစ်ခုလုံးကိုပတ်ရိုက်
ထားပြီး သူ့မောင်Pinဆီသို့ စကားတွေပြောနေရင်း စားပွဲပေါ်ကအအေးခွက်ကိုသောက်ပြီးခဏ ရုတ်တရက်
ရင်ဘတ်ကိုဖိရင်း ရှုံ့မဲ့ကာ
ကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။

🖤သူ့ရဲ့အငြိုးအတိုးချပေးမည့်အချစ်တစ်ခု❤ (Completed) Where stories live. Discover now