🖤အငြိုးပြေစေ Chapter 8❤

1K 102 3
                                    

"သား..Son"
💙ခလေး...
"ကြွပါလူကြီးမင်းတို့"

ဒယ်ဒီတို့ဖုန်းကြိုဆက်ထားတာမို့
Pinတို့ကားရပ်သည်နှင့်မိသားစုအကုန်လုံးအိမ်ရှေ့ထွက်ကြိုကြသည်။

❤ဖေဖေ

ခလေးတစ်ယောက်လိုအော်ခေါ်ရင်း
ပြေးဝင်မိတာနွေးထွေးလုံခြုံသည့်ရင်
ခွင်နစ်ခုထဲ....

"သား..သားငယ်အဆင်ပြေရဲ့လား
ဖေဖေတို့စိတ်ပူလို့ လိုက်ရှာနေတာသုံးရက်တောင် ဘယ်တွေသွားနေတာလဲ...."
❤သား..ဖေဖေ့ကိုလွမ်းတယ် 😭

ဖေဖေ့ရင်ခွင်ထဲကနေမဝံ့မရဲခေါင်း
မော့ကြည့်မိတော့လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ဦးငယ်ရဲ့ဒေါသမျက်ဝန်းတွေ...

Pinကတော့မထီမဲ့မြင်အပြုံးတစ်ခုကို
ချိတ်ဆွဲပြီးအကုန်လုံးရှေ့မှာထိုင်နေတာသူဘာမှမလုပ်ခဲ့သလို....

ပို့ထားတဲ့စာတွေ video fileအပြင်
ပြောခဲ့စကားလုံးတွေ..

တောက်!
စိတ်ရှိလက်ရှိထိုးသတ်ပစ်ချင်စိတ်
တွေကိုချိုးနှိမ်ရင်းSonမျက်နှာကိုကြည့်မိပြန်တော့ဝမ်းနည်းရိပ်တွေကပြို
တော့မယ့်မိုးလို...

"ကျွန်တော်တို့ လာတာကဒီခလေးတွေအတွက်ပါပဲ ကျွန်တော်သားရဲ့မလိမ္မာမှုအတွက် တောင်းပန်ပါတယ်
ခလေးတွေရဲ့မင်္ဂလာကိစ္စကိုလူကြီး
မင်းတို့စိတ်တိုင်းကျစီစဉ်ပေးပါ့မယ်"

🖤ဖြစ်နိုင်ရင်အမြန်ဆုံးစီစဉ်ချင်ပါ
တယ်..ကျွန်တော်သူနဲ့ကြာကြာခွဲမ
နေနိုင်လို့ပါ...
💙မင်း..!

တစ်ချိန်လုံးဘာမှဝင်မပြောပဲ mean
ရဲ့ပျက်ယွင်းနေတဲ့မျက်နှာကိုအရ
သာခံကြည့်နေတဲ့Pinရဲ့စကားသံ
အောက်မှာ တိုးထွက်လာတဲ့ ဒေါသ
တွေကထွက်ပေါက်မဲ့နေဆဲ...

ရောက်ကထဲကဘာမှဝင်မပြောပဲ
မျက်ရည်တွေပြည့်အိုင်နေတဲ့မျက်ဝန်းတွေကိုမနိုင်ရင်ခါသယ်ပိုးရင်းခောင်းငုံ့ထိုင်နေတဲ့Sonပုံစံကအရာရာကို
လက်လျှော့ထားခဲ့သလို....

လူကြီးတွေဘယ်လိုစီစဉ် ညှိနှိုင်းခဲ့လဲ
Sonမသိခဲ့...အမှတ်တမဲ့မော့ကြည့်မိတိုင်း မေးခွန်းများစွာနဲ့နာကြင်နေသည့် ဦးငယ်ကိုမကြည့်ရက်စွာ ရှောင်
လွှဲမိရင်းအချိန်ကုန်သွားခဲ့သည်။

🖤သူ့ရဲ့အငြိုးအတိုးချပေးမည့်အချစ်တစ်ခု❤ (Completed) Where stories live. Discover now