သူ့ရဲ့အငြိုးအတိုးချပေးမည့် အချစ်တစ်ခု

3.1K 115 2
                                    

🖤မမPai နေကောင်းရဲ့လား
ူ့ကျွန်တော်အရမ်းလွမ်းတယ်မမရေ
ခုဆိုကျွန်တော်တို့ခွဲနေရတာ နှစ်၂၀ရှိပြီနော်... ကျွန်တော်ကျောင်းပြီးရင်မမရှိတဲ့ဆီကိုလာခဲ့မယ် အရမ်းလွမ်းတယ် မမရေ......

ကျွန်တော်နှင့်မမPaiက အမွှာမောင်နှစ်မတွေပါ။ကျွန်တော်တို့အသက်၅နှစ်အရွယ်မှာဒယ်ဒီနှင့်မာမီကွာရှင်းခဲ့ခြင်းကြောင့် ကျွန်တော်ကမာမီနှင့်အတုတရုတ်ကိုပါသွားခဲ့ပြီး မမကတော့ ဒယ်ဒီနဲ့မြန်မာပြည်မှာ ကျန်ခဲ့ခြင်းဖြစ်သည်။နောက်အိမ်ထောင်ပြုခဲ့သည့် ဒယ်ဒီ့ကိုမကျေနပ်သည့်စိတ်နဲ့
မြန်မာနိုင်ငံကိုမပြန်ခဲ့သည်မှာ ခုဆို
ကျွန်တော်အသက် ၂၅နှစ်ပင်ပြည့်ခဲ့ပြီ ဖြစ်သည်။အမှတ်ရစရာ ဆိုခဲ့လျှင်မမနှင့်ပျော်ရွှင်ကစားခဲ့ခြင်းသာ တမ်းတစရာရှိခဲ့သည်ပင်....

"Pin ငါလေ လူတစ်ယောက်ကြောင့်ရင်ခုန်တတ်ခဲ့ပြီသိလား...သူကဒယ်ဒီအလုပ်ပါတနာရဲ့သားတဲ့ ငါအရမ်းစိတ်ဝင်စားနေတယ်..."

အမွှာမောင်နှစ်မမို့ မမကသူ့ခံစားချက်တိုင်းကို ကျွန်တော်ကိုပြောပြတတ်စမြဲ။ကျောင်းကပြန်လာတိုင်းမမနှင့်စကားပြောရင်း ကျွန်တော့်ဘဝကြီးကပြည့်စုံနေခဲ့သည်။

စည်းကမ်းကြီးသည့် မာမီ့ထိမ်းချုပ်မှုအောက်မှာကြီးပြင်းခဲ့သည့်အတွက်မိန်းခလေးအရှုပ်အရှင်းကင်းခဲ့သည့်ကျွန်တော်သည် စီးပွားရေးနှင့်ကျောင်းပြီးခဲ့သလို မာမီ့အလုပ်တွေကိုပင်တစ်ဖက်တစ်လမ်းက ကူညီနိုင်ခဲ့ပြီဖြစ်သည်။

"Pin ငါအရမ်းပျော်တာပဲ ဒယ်ဒီက
Meanနဲ့လူကြီးချင်းသဘောတူပြီး
စေ့စပ်ပေးမယ်တဲ့ ငါလေအရမ်းစိတ်လှုပ်ရှားနေတယ်ဟယ် ငါချစ်တဲ့သူကိုပိုင်တိုင်ရတော့မယ် သိလား..."

လူကြီးချင်းနှစ်ဖက်သဘောတူစေ့စပ်ကြောင်းလမ်းခဲ့သည်လို့မမပြောတဲ့အထိ ကျွန်တော်ပြန်ဖို့စိတ်ကူးမရှိခဲ့ပါ။မမပို့ပေးသည့် ထမုလူရဲ့ပုံတစ်ချို့ကိုမြင်ရတာတော့ အရပ်ရှည်ရှည်လူသန့်တစ်ယောက်ပင်ဖြစ်သည်။
ပို့သမျှပုံတိုင်းတွင် အသားဖြူဖြူ
လူကောင်သေးသေးလေးနှင့် ဆံပင်တွေ နဖူးပေါ်အုပ်ကာပြုံးနေတဲ့ကောင်လေးတစ်ယောက်အမြဲပါခဲ့သည်။မမပြောတာတော့ သူတို့အိမ်ကအိမ်တော်ထိမ်းကြီးရဲ့သားတဲ့...အရမ်းခလေးဆန်ပြီး ချစ်ဖို့ကောင်းသည်တဲ့လေ။

🖤သူ့ရဲ့အငြိုးအတိုးချပေးမည့်အချစ်တစ်ခု❤ (Completed) Where stories live. Discover now