အငြိုးပြေစေ Chapter 13

1.1K 94 20
                                    

"ဟဲလို Pin..သားတို့အိမ်ပြောင်းပြီးထဲကပြန်မလာတာတောင်ကြာပြီ
သားတို့အားရင် ပြန်ခဲ့ကြအုံးလေ
မင်းမမ နှစ်ပတ်လည်ပွဲလဲလုပ်ရအုံး
မယ်"
🖤ဟုတ်ဒယ်ဒီ ခုနောက်ပိုင်း အလုပ်များတာနဲ့ sonကျောင်းကိစ္စတွေပါ
ရှုပ်နေလို့ပါ ကျွန်တော်တို့အားရင်
လာခဲ့ပါ့မယ်..
"အေး..အေးကျန်းမာရေးဂရုစိုက်"

ဒယ်ဒီဖုန်းချသွားတော့မှ ခုရက်ထဲတစ်ကယ်ကိုမအားနိုင် အရင်ကအလုပ်
အသွားအပြန်အဂ္ဂရှိသလို လိုအပ်
တာမှန်သမျှသူနဲ့မှာရုံနဲ့တစ်ချို့သော
အရာတွေကို ကျွန်တော်ပါစရာမလို
ခဲ့ပေ....

ခုဆိုsonရဲ့ကျောင်းကိစ္စနှင့် အကြိုအပို့ပါအဂ္ဂတာဝန်ယူထားရသလို
အရင်ကဖြစ်သလိုအပြင်စာတွေသာ
စားဖြစ်ပေမယ့် ဖြူနွဲ့နွဲ့သူ့ကြောင့်
အိမ်မှာချက်စားဖို့ပြောခဲ့ပေမယ့် ယောက်ျားလေးတွေပဲနေသည့် မီးဖို
ချောင်ထမင်းဝိုင်းက ချိုတစ်ခါ ငံတစ်လှည့် အဆင်မပြေခဲ့ပါ..

ဒယ်ဒီတို့နဲ့ပြန်နေမည်ဆိုသော် ဟိုသားအမိမျက်နှာကိုမမြင်ချင် အလုပ်သမားခေါ်ဖို့ရာကလည်း ယောက်ျားလေးတွေကြီးပဲမို့ ငှါးဖို့မသင့်ပြန်

အိမ်ကတော့sonကျောင်းပိတ်ရက်
တိုင်း သန့်ရှင်းထားလို့ သပ်ရပ်နေခဲ့သည်။ကျောင်းတစ်ဖက်နျင့်မနက်စောစောထရသည့်အတွက် ထပ်ပြီး
အနှောက်ယှက်မပေးလိုပဲ မီးဖိုခန်းထဲမဝင်မခိုင်းတော့ပါ။

အဂ္ဂတစ်ယောက်သာ အိမ်နှင့်ကျောင်း ဈေးနှင့်မီးဖိုချောင် ပြေးလွှားဗျာများနေရတာမို့ အလုပ်အကုန်လုံးက
Pinခေါင်းပေါ်မှာ....

အလုပ်နောက်ကျသည့်အခါတိုင်း
ရန်ကုန်မြို့ရဲ့ကျဉ်းမြောင်းတဲ့လမ်းမပေါ် သိန်းချီနေသောကားတွေရဲ့
ပိတ်ဆို့မှုကိုအန်တုပြီး ဒုက္ခခံနေရခြင်း၏အဓိကအကြောင်းရင်းက ဟို
သားအမိကြောင့်sonအနေမခက်စေ
လိုခြင်းပဲဖြစ်သည်။

ဒီနေ့အလုပ်နည်းနည်းပါးတာမို့ son
ကျောင်းအပြန်ဝင်ကြိုမယ်ဆုံးဖြတ်ပြီး အဂ္ဂကိုလာမကြိုဖို့မှာထားခဲ့သည်။

ကိုယ့်အတွေးနဲ့ကိုယ်အဆင်ပြေပေမယ့် ရုတ်တရက်အစည်းဝေးကြောင့်
နာရီဝက်နီးပါးနောက်ကျပြီးမှကျောင်းကိုရောက်တော့ ကျောင်းရှေ့မှာ
Meanနှင့်စကားရပ်ပြောနေတဲ့Son...

🖤သူ့ရဲ့အငြိုးအတိုးချပေးမည့်အချစ်တစ်ခု❤ (Completed) Kde žijí příběhy. Začni objevovat