🖤အငြိုးပြေစေ Chapter 9❤

1.1K 112 1
                                    

💙ခလေး
❤သြော် မောနင်းဦးငယ်
💙ကျောင်းသွားတော့မှာလား
❤ဟုတ်ကဲ့
💙ကိုယ်လိုက်ပို့ပေးမယ်
❤ရပါတယ် ဦးငယ်အလုပ်ရှိနေရင်
Sonကိုယ့်ဘာသာသွားလိုက်ပါ့မယ်

ဟင်း...

သိသာစွာသက်ပျင်းချရင်း Sonရဲ့
ပြောင်းလဲသွားပုံကိုခုထိလက်မခံ
နိုင်သေး။အရင်ကခလေးဆန်ဆန်
ခုန်ပေါက်နေတဲ့ Sonကmeanကျောင်းလိုက်ပို့မယ်ပြောတာနဲ့ကားပေါ်
ပြေးထိုင်ပြီးသားမို့ မမြင်ရသည့် ရက်တွေအတွင်းဤမျှတည်ငြိမ်သွား
အောင် ဟိုအကောင် ဘာတွေများလုပ်ခဲ့ပါလိမ့်?

နာကျင်ခြင်းကိုအစမဖော်လို၍
တမင်မေ့ထားခဲ့သည်ဆိုပေမယ့်
အချိန်ကဒီတပတ်ထဲရှိတော့တာ။
မကြာခင်လက်ထပ်ရတော့မယ်
ကောင်လေးတစ်ယောက်ကို မစွန့်
လွှတ်နိုင် တွယ်တာနေတာ ကျွန်တော်လွန်နေသလားမသိနိုင်...

💙ကျေးဇူးပြုပြီး အရင်လိုနေပေးပါလားခလေး..ဒီတပတ်ပါပဲ ကိုယ်တောင်းဆိုပါတယ် ...
💔ဦး...ငယ်ရယ် 😢

ငယ်ငယ်ထဲက ရှင်သန်ကြီးပြင်းခဲ့ရ
တဲ့ဒီရင်ခွင်က ခွဲထွက်ဖို့ ကျွန်တော်
ဘယ်လောက်အားတင်းခဲ့ရလဲဦး
ငယ်မသိနိုင်ပါဘူး။မြတ်နှိုးခဲ့ရတဲ့ဒီလူသားအပေါ်ဘယ်လိုအရာတွေနဲ့
ငြင်းဆန်ရမှာလဲ..နာခံလွယ်သော
ပျော့ညံ့သည့်စိတ်ကြောင့်ဦးငယ်
ကားပေါ်ပါသွားခဲ့ရသည်ပင်....

အစမဖော်ချင်သောနာကျင်ခြင်းတွေ
ကို မိသားစုက အလိုက်သိစွာ ဖွင့်ဟ
မပြောကြပေမယ့် အချိန်ဆိုတာကြီးက ပုံမှန်လည်ပတ်နေတာကြောင့်
ရက်ကနီးသထက်နီးကပ်လာတာနဲ့အမျှ စိတ်ပင်ပန်းမှုတွေက တစစ
တိုးလာခဲ့သည်။

💙ရောက်ပြီ ခလေး
ဆင်းတော့လေ..
❤ဟမ်..သြော်..ဟုတ်ကဲ့ ဦးငယ်
ကျေးဇူးတင်ပါတယ်..သွားပြီနော်

အတွေးလွန်ပြီးကျောင်းရှေ့ကားရပ်
သည်အထိ ထိုင်ငေးနေတဲ့sonက
စက်ရုပ်ကိုသံပတ်ပေးထားသည့်အတိုင်း ကျောင်းထဲဝင်ရောက်ပျောက်
ကွယ်သွားတော့မှmeanလည်းအလုပ်သို့ကားဆက်မောင်းခဲ့သည်။

ကမ္ဘာမြေကြီးနှင့်သူရိန်နေမင်း
မိုင်ပေါင်းများစွာကွာဝေးပာသည်ဆို
ပေမယ့် ကျွန်တော့်ရင်ထဲမှာ နေဆယ်စင်းစာ ဆိုက်ရောက်နေခဲ့တာ
နှလုံးသားတွေတောင် ကွဲအက်ခြောက်သွေ့မတတ် 😞

🖤သူ့ရဲ့အငြိုးအတိုးချပေးမည့်အချစ်တစ်ခု❤ (Completed) Where stories live. Discover now