Chapter-14

19.3K 1.9K 33
                                    

Chapter-14

ကန်တင်းတွင် BaekHyun က သီချင်းNotes စာရွက်တွေကိုဖတ်နေသည်။ Yura ကလည်း သူမ သင်ခန်းစာတွေ သူမဘာသာ လုပ်နေရင်း ဘောပင်ချကာ သက်ပြင်းပါတစ်ဆက်တည်းချလာတော့ BaekHyun ခေါင်းမော့ကြည့်လာသည်။

“မတွေးဘူးဆိုပေမယ့် စိတ်ထဲဝင်ဝင်လာတာ.။တကယ်လို့ နင်တို့လက်ထပ်တယ်ဆိုတာ အစစ်မဟုတ်မှန်း Park Chanyeol shi သိသွားရင် ဘယ်လိုလုပ်မလဲ BaekHyunee.။ ဘာလို့လျှောက်ပြောခဲ့တာလဲဟာ နင်ပဲ ခံစားရမှာ”

“ချစ်ပြီဆိုကတည်းက ခံစားရတာချည်းပါပဲ.။အနည်းနဲ့အများပဲကွာတာ။ပြီးတော့ ငါ သူ့ကိုခဏပဲဖြစ်ဖြစ် ပိုင်ဆိုင်ချင်တယ်။သူ ဒီလိုဖြစ်နေတဲ့အချိန်မှာ ငါ အဝေးမှာမနေနိုင်ဘူး။သူ့အနားမှာ စောင့်ရှောက်ပေးချင်တယ်။ သူကတကယ်တမ်း မာနတစ်ခွဲသား သာလုပ်နေတာ.။အထီးကျန်တတ်တယ်။အတိတ်ကိုမသိပေမယ့် နာကျင်မှုတွေရှိနေတယ်။ အဲ့ဒါကြောင့်ငါ က နည်းနည်းပဲဖြစ်ဖြစ် ငါ့ကြောင့်သက်သာစေချင်တယ်။ဒီလမ်းကိုေ၇ွးမိလို့လည်း ငါ နောင်တမရဘူး။ တစ်ချိန်ချိန်ကျ သူ ပြန်သိမှာပဲလေ။ ကိစ္စမရှိပါဘူး။ ငါ ခံနိုင်ရည်ရှိအောင်စိတ်ပြင်ဆင်ပြီးသား။”

“ဟူး--- BaekHyunee တကယ်ချစ်တတ်နေပြီပဲ.”

“အင်း အဲ့ဒါကြောင့်စိတ်မပူပါနဲ့။သြော်-နင်လည်းရှာတော့လေ.။ငါတောင်ယောကျာ်းရနေပြီ။ နင့်ကိုကြိုက်မယ့်သူမရှိသေးဘူးလား”

ပြုံးစိစိဖြင့် BaekHyun ကို သူမက မျက်စောင်းထိုးသည်။ BaekHyun ရယ်လိုက်ရင်း တောင်ခနဲတက်လာသည့် Message ကိုဖွင့်ကြည့်လိုက်မိ၏။သူ့မျက်ဝန်းအစုံပြူးကျယ်သွားပါတော့သည်။ ချက်ချင်းပင် စားပွဲပေါ်က သူ့ပစ္စည်းတွေကောက်သိမ်း ၏။

“ပြန်လိုက်တော့မယ် Yura ငါ ကိစ္စရှိလို့”

“ဟင် ဘာဖြစ်လို့လဲ BaekHyunee--”

Yura လှမ်းအော်နေတာလည်းသူ လှည့်မကြည့်အားတော့.။ကားပါကင်ကိုတစ်ခါတည်းတန်းလာပြီး ကားမောင်းထွက်လာခဲ့ သည်။ ဝမ်းနည်းတာလိုလို ဝမ်းသာတာလိုလိုဖြင့်စိတ်ထဲလည်း အမည်ဖော်ရခက်သည့် ခံစားချက်က ပြည့်နေသည်။ လက်တွေ လည်း တဆတ်ဆတ်တုန်သည်။ညနေစောင်းကာနီးပေမယ့် Chanyeol ကုမ္ပဏီရုံးချူပ်မှာရှိနေသည်ဟု သိထားသည်ကြောင့် Park Group ရုံးချူပ်ကိုသာဦးတည်လာခဲ့သည်။ကုမ္ပဏီ၏ Lobby ထဲတွင် ကော်ဖီတစ်ခွက်ကိုင်ကာ လျှောက်လာသည့် Chen ကိုမြင်တော့ ပြေးသွားလိုက်သည်။

ကိုကို့အရှင်သခင်Onde histórias criam vida. Descubra agora