Chapter-11

19.6K 1.8K 46
                                    

“အဲ့တော့ မင်းပြောချင်တာက ငါက အဲ့ကောင်လေးကို အတင်းလိုက်ကပ်ခဲ့တယ်။သူ့အမေက သဘောမတူလို့ ခိုးပြီးလက်ထပ်ခဲ့တယ်။အဲ့လိုလား.”

“အေး!”

Park အိမ်တော်၏ ခြံဝင်းကျယ်ကြီးထဲက မြက်ခင်းပြင်စပ်တွင် Chanyeol ကဘီးတပ်ကုလားထိုင်ခုံပေါ်တွင်ထိုင်လျက် ဘေးက ထိုင်ခုံမှာ Chen ကထိုင်သည်။မြက်ခင်းပြင်ပေါ်တွင် ပြေးကာဆော့လျက် ပျော်မြူးနေပုံရသော Aeriကို BaekHyun က အဖော်လုပ်ကစားပေးနေလေသည်။ဒီတစ်ချက်ထဲနှင့် Chen ရွေးချယ်ခဲ့တာ မမှားဘူးဟုထင်သည်။ ဆေးရုံမဆင်းခင်က Chanyeol ကိုသူ့ခင်ပွန်းဟုပြောနေသော BaekHyun ကို Chen ကူညာပေးခဲ့ခြင်းဖြစ်သည်။ KyungSoo ကတော့ မည်သည်မှ မဆိုပါ။စိတ်ထဲရှိတာတွေပြောလိုက်ပုံရသော BaekHyun က ပြောပြီးမှ KyungSoo ရှိနေတာကိုလည်းသတိထားမိ. Chen ဝင်လာသည်ကိုလည်းတွေ့သွားသည့်အခါ အလန့်တကြားဖြစ်သွားသည့်မျက်ဝန်းလေးတွေကို Chen စာနာသည်။ ပြီးတော့ အတိတ်ထဲမှာပဲ ပိတ်မိကာ ချစ်ခြင်းကိုအယုံအကြည်မရှိတော့သလိုဖြစ်နေသည့် Chanyeol ၏ဘဝကိုလည်းသာယာစေချင် သည်။ ဂုဏ်ပကာသနတွေကြောင့် Chanyeol ကိုကပ်လာကြသည့်အထဲမှာ BaekHyun တစ်ယောက်သာဖြူဖြူစင်စင်ရှိသည် ကို Chen ကောင်းကောင်းယုံကြည်သည်။ခု Aeri သည်လည်းပျော်နေသည့်အရေးမှာ ဒီတိုင်းလေးပဲရှိစေရင် မကောင်းဘူးလား။

“ဖေဖေ-- ”

“မောပြီလား Aeri မနက်ကတည်းက ပြေးဆော့နေတာ.”

Chanyeol အနားသို့ပြေးလာသည့် Aeri သည် နဖူးစပ်လေးတွင်တောင်မှ ချွေးစတို့စို့လျက် ဘောလုံးလေးကိုလည်းပိုက်ထား သေးကာ ခေါင်းတွင်တွင်ခါသည်။

“မမောပါဘူး ဖေဖေ.ဟီး-- Aeri တအားပျော်တာ.BaekHyunee ကလေ သိလား ဖေဖေ.။Aeri ကိုတောင်မနိုင်ဘူး ဟိ--ဟိ--”

“အံမယ် မင်းသမီးလေးကို ကိုကိုလေးက လျှော့ပေးလိုက်တာလည်း ထည့်ပြောဦးမှပေါ့.”

BaekHyun သည်လည်း နဖူးပေါ်ကျနေသည့် ဆံစတို့တွင် အနည်းငယ်စိုစွတ်နေပါသည်။နွေဦးရာသီ၏ အစတွင် အပြာနုရောင် ရှပ်တစ်ထည်. အညိုဖျော့ ဒူးအထက်ဘောင်းဘီတိုတစ်ထည်နှင်ပင် BaekHyun က ကူးပြောင်းစနွေဦးရာသီလေးလို လန်းဆန်း တက်ကြွနေသည်။

ကိုကို့အရှင်သခင်Where stories live. Discover now