"ဦး ! ကလေးရှူးအရမ်းပေါက်ချင်နေပြီ"
သူ့အလှည့်ရောက်တော့ကုတင်ပေါ်မှာထိုင်နေရင်းစေလိုရာ့အနား
ကိုတိုးတိုးလေးကပ်ပြောသည် ။"ခဏလေးပါပူတူးရယ် ၊ ခဏပဲ ၊ ဂျူနီယာလေးရဲ့အသံကိုနား
ထောင်ပြီးရင်ရပြီလေ နော်"ဂျူနီယာလေးဆိုတာနဲ့မျက်လုံးလေးတွေကအရောင်ပြောင်းသွား
ပြီးမျက်နှာလေးကပြုံးသွားသည် ။ စေလိုရာကအမောင်ဗိုက်ရဲ့
ခေါင်းလုံးလုံးလေးကိုနမ်းရှုံ့လိုက်သည် ။ ဆရာဝန်ကြီးကမေဆူး
ခက်ရဲ့ငယ်သူငယ်ချင်းဆိုတော့အရာအားလုံးစိတ်ချရသည် ။
လူကြီးလူကောင်းပီပီအထင်သေးသည့်အကြည့်မျိုး ၊ စကားမျိုး
မည်သည့်အရာနှင့်မျှမပြောဆို ။ အမောင်ဗိုက်ကိုဂရုစိုက်ဖို့သာ
အထပ်ထပ်မှာကြားသည် ။ ဂျူနီယာလေးရဲ့နှလုံးခုန်သံကိုကြား
ရတော့ဘာနဲ့မှမလဲနိုင်အောင်ပင်ဝမ်းသာပီတိဖြစ်ကြရသည် ။"သားတို့နှစ်ယောက်ကပါးစပ်ကိုမစိကြတော့ပါလား ၊ မွေးလာရင်
ဘယ်လိုလုပ်မလဲ ၊ သွားတွေလည်းလေဖြတ်ကုန်ပါဦးမယ် ဟားဟား"ဆရာဝန်ကြီးပြောတော့မှပါးစပ်ပင်မပိတ်မိမှန်းသတိထားမိကြ
တော့သည် ။ ဆရာဝန်ကြီးရဲ့စကားကြောင့်တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီးရယ်မိကြသည် ။ Ultrasoundပုံလေးကို
မျက်တောင်မခတ်သေချာစိုက်ကြည့်ရင်းလမ်းလျှောက်လာကြ
သည် ။"ဂျူနီယာလေးကထွားလာတယ်နော်"
"ထွားတာပေါ့ ၊ ပူတူးကအရမ်းစားတာကို"
"အဲ့တာဂျူနီယာစားတာ ကလေးစားတာမဟုတ်ဘူး"
"ဟုတ်ပါပြီ ထားပါတော့ ၊ အခုရောဘာစားချင်သေးလဲ"
"အခုက အခုက စဉ်းစားရင်းအဖြေပေါ်လာတာက မုန့်လိပ်ပြာစား
ချင်လာတယ် ၊ ကလေးစားလို့ရလားဟင်""ရတာပေါ့ ၊ ပူတူးစားချင်ရင်ကိုယ်ကဂရက်ဗက်တီအပြင်ဘက်
သွားဝယ်ရရင်တောင်ဝယ်ပေးဦးမှာ"(A/N ရေးရင်းနဲ့မျက်ရည်
နှစ်စက်ကျ T_T)"အိမ်းးး ယုံလိုက်ပါမယ်လေ"
"အဲ့ပုံလေးကိုကိုယ်ယူထားမယ် ၊ ကိုယ့်ပိုက်ဆံအိတ်ထဲထည့်ထား
ရမယ်"
YOU ARE READING
သခင့်စေလိုရာ
Romanceစေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအားလုံးကို မည်သည့်အချိန်ကမှမကုစားနိုင်ပါ) Male Pregnant👶 ဇာတ်လမ်းအဖြစ်အပျက်၊ နေရာ၊ ဇာတ်ကောင်များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးယဉ်မျှသာဖြစ်သည်။ ဝင...
Episode - 22💛
Start from the beginning