"အရမ်းနောက်မကျစေနဲ့ ၊ ကိုယ်လာကြိုရမလား"

"ဟုတ် လာကြိုတော့ပိုကောင်းတာပေါ့ ၊ ကျွန်တော်ဖုန်းဆက်လိုက်
မယ်"

ညဘက်ရောက်တော့၈နာရီထိုးလောက်ရှိနေပြီ ။ အကောင်ပိစိ
လေးကအခုထက်ထိဖုန်းမဆက်သေးတော့စေလိုရာမှာထိုင်ရမလို
ထရမလိုနဲ့စိတ်ပူနေရသည် ။ ဖုန်းဆက်တော့လည်းမကိုင်ဆိုတော့
ပိုလို့တောင်စိတ်ပူလာသည် ။ နောက်ဆုံးတော့ပန်းခက်တို့ဆီဖုန်း
ဆက်မေးရသည် ။

"ဟယ်လို ပန်းခက်ပြောနေပါတယ်"

"ကိုယ်ကစေလိုရာပါ ၊ သခင် မင်းတို့နဲ့အတူရှိနေလား"

"ရှင် သခင်ကပြန်မလာသေးဘူးလား ၊ ပန်းခက်တို့တောင်အိမ်ပြန်
ရောက်နေပြီ ၊ ဩော် စစ်ဟိန်းကညအိပ်ခိုင်းတယ်နဲ့တူတယ် ၊ ဦးစေ ပန်းခက်တို့ပြောပြမယ်နော် ၊ စစ်ဟိန်းကသခင့်အပေါ်မရိုး
သားဘူး"

"ဘယ်လိုမရိုးသားတာလဲ ကိုယ်နားမလည်ဘူး"

"ဟာ ဦးစေကလည်း ဟိုလိုလေ ဟိုလို ကြိုက်နေတာဦးစေရေ ၊ စစ်ဟိန်းကသခင့်ကိုကြိုက်နေတာ"

"လိပ်စာပြောဘယ်အိမ်လဲ"

ပန်းခက်ပြောလိုက်သည့်လိပ်စာအတိုင်းမေးရင်းမေးရင်းနဲ့ရောက်
လာလေသည် ။ ပါတီပွဲပြီးခါစမို့လို့သိမ်းနေကြပြီဖြစ်သည် ။
အထဲကိုခပ်တည်တည်နဲ့ဝင်သွားလိုက်သည် ။

"ဟာ ဦး ! ဘယ်လိုသိပြီးလိုက်လာတာလဲ ၊ ကျွန်တော်အခုပဲဖုန်း
ဆက်တော့မလို့ ၊ ဒီညစစ်ဟိန်းတို့အိမ်မှာအိပ်မလို့"

ခြံထဲတွင်အကောင်ပိစိလေးနဲ့စစ်ဟိန်းကစကားတွေပြောရင်းရယ်
မောနေကြသည် ။ သူဖုန်းခေါ်နေတာတောင်မသိနိုင်လောက်တဲ့အ
ထိပျော်ပါးနေသည့်အကောင်ပိစိလေးကိုသူဒေါသထွက်လာသည် ။ စေလိုရာ၏စိတ်ထဲတွင်ဒေါသတွေကလွှမ်းမိုးနေသည် ။

"ဖုန်းဘာလို့မကိုင်တာလဲ ၊ ငါဖုန်းခေါ်နေတာဘယ်နှစ်ခါရှိနေပြီလဲ ၊ စိတ်ပူနေရတဲ့ငါ့ကိုရောမင်းတွေးမိလား ၊ မင်းတစ်ခုခုဖြစ်သွားရင်
မင်းမိဘတွေကိုငါကမျက်နှာဘယ်လိုပြရမှာလား ၊ ဒီကောင်က
မင်းကိုဘယ်လိုတွေသိမ်းသွင်းထားလို့အခုလိုပျော်ပါးနေရတာလဲ"

သခင့်​စေလိုရာWhere stories live. Discover now