"ဟီးဟီး မပြောပါဘူး ၊ ပြောရင်အဆူခံရမှာပေါ့ဗျ ၊ ပြီးရင်မာမီ့ကို
ဦးကချွန်တုံးလုပ်ဦးမယ်""လူကြီးကိုဘာချွန်တုံးလဲ ၊ အခေါက်ခံရတော့မယ်နော် ၊ ဂိမ်းတွေ
ဆော့နေတာမလား""အာ ဦးကလည်း ဟုတ်တယ်"
"ဒီကောင်လေးတော့နော် တော်တော်ပျော်နေတယ်ဟုတ်လား ၊
ဆူးခက်နဲ့တိုင်ကိုပြောဦးမယ်""အာ ဦးကလည်း ကလေးကဒီလိုလေးနမ်းမယ်လေ မတိုင်နဲ့လေ
နော် နော်လို့ ၊ မတိုင်နဲ့နော် ၊ မာမီကဆူရင်ကလေးတောင်ဆံပင်
ရှည်ချင်သွားတယ်""အေး အဲ့စကားဟိုကကြားရင်သေဦးမယ်"
"အဝေးကြီးကို ဘယ်ကြားမှာလဲလို့ ၊ မာမီကအခုလောက်ဆိုဒယ်ဒီ
နဲ့ဒိတ်နေလောက်ပြီ""တော်တော်လည်းပြောတတ်တယ် ၊ ဒီပုလင်းကုန်မှအိမ်ပြန်ရမယ်
တဲ့ ၊ ဒီညကစပြီးအိပ်ရင်ဖုန်းကိုကိုယ်ယူထားတော့မယ် ၊ ညဘက်
ဂိမ်းမဆော့ရဘူး""ဦးကလည်း ကလေးကဂိမ်းမဆော့ရရင်မနေနိုင်ဘူး ၊ မယူပါနဲ့
ပေးပါနော် နော်""မရဘူး ဒီလောက်ဆိုးတဲ့ကောင်လေးကိုအပြစ်ပေးမှရမယ် ၊ ညဆို
ကိုယ်ကဖုန်းယူထားမယ်""သွားဟာ မခေါ်တော့ဘူး ၊ ဦးကိုဒီနေ့ကစပြီးစကားမပြောတော့
ဘူး"အကောင်ပိစိလက်ကလေးပိုက်ကာဟိုဘက်လှည့်သွားသည် ။ ဂိမ်းဆော့လို့ဆေးရုံအထိရောက်တာတောင်မမှတ်သေးဘဲစိတ်က
ဆိုးသွားသေးသည် ။ ဒီတစ်ခါတော့စေလိုရာအကောင်ပိစိရဲ့
အလိုကိုမလိုက်နိုင်ပါ ။ ကျန်းမာရေးကိုသာဦးစားပေးရမည် ။"ဩော် ကလေး ခုဏကလင်းရတနာနဲ့တွေ့လိုက်တယ် ၊ သူက
ပြောတယ် ဖိတ်စာပေးထားတယ်တဲ့ အဲ့တာဘာဖိတ်စာလဲ"အကောင်ပိစိဒီဘက်ပြန်လှည့်လာပြီးစေလိုရာဘောင်းဘီအိတ်ထဲကိုလက်နှိုက်ရှာသည် ။ ဘယ်ဘက်မှာမတွေ့တော့ညာဘက်ကို
နှိုက်ရှာသည် ။"ပူတူး ဘာတွေလုပ်နေတာလဲ"
စေလိုရာရဲ့ဖုန်းကိုတွေ့မှလက်ပြန်ထုတ်လိုက်သည် ။ ဖုန်းကို
Lockဖွင့်ပြီးဘာတွေလုပ်လို့လုပ်နေမှန်းမသိ ။
![](https://img.wattpad.com/cover/189067875-288-k145038.jpg)
YOU ARE READING
သခင့်စေလိုရာ
Romanceစေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအားလုံးကို မည်သည့်အချိန်ကမှမကုစားနိုင်ပါ) Male Pregnant👶 ဇာတ်လမ်းအဖြစ်အပျက်၊ နေရာ၊ ဇာတ်ကောင်များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးယဉ်မျှသာဖြစ်သည်။ ဝင...
Episode - 19💛
Start from the beginning