" ဒါပေမဲ့လဲ အဲ့တာတွေက မင်းဘက်ကတစ်ဖတ်သတ်အမြင်တွေလဲဖြစ်နိုင်တာပဲ...ကိုလင်းကမင်းကို ဘယ်တုန်းကတည်းကကြိုက်တာလဲ မင်းသိလို့လား...မသိဘူးလေ...အကယ်၍ သူ့ဘက်ကခံစားချက်က မင်းထင်ထားတာထက်ပိုပြီးနက်ရှိုင်းနေခဲ့မယ်ဆိုရင် သူတကယ်စိတ်မကောင်းဖြစ်သွားမှာပဲ...ပြီးတော့ မင်းရဲ့ပြောပေါက်နဲ့ဆိုရင် မင်းပြောချင်တာကိုသူနားလည်ပါ့မလားတောင်မသိဘူး..."

" ဟုတ်တယ်...ပြီးတော့ ကိုလင်းကသူ့ရဲ့ခဏတာသာယာမှုအတွက် နင့်ကိုတွဲနေသလိုမျိုး...အချိန်တန်အဲ့တာတွေမရှိတော့တဲ့အခါကျ သူကဒီအတိုင်းလေးပြန်ထွက်သွားမယ်ပေါ့...အဲ့တာကြီးက ကိုလင်းရဲ့ခံစားချက်တွေကို စော်ကားလိုက်တာနဲ့အတူတူပဲလေ..."

( ဟင်းးး! ခံစားချက် ခံစားချက်...ဒီစောက်ကျိုးနဲခံစားချက်ကလွဲပြီး အခြားပြောစရာမရှိတော့ဘူးလား...)

" ကိုလင်းပြောသလိုပဲ မင်းကမင်းအထင်နဲ့လျှောက်ပြောနေတာ...ကိုလင်း မင်းကိုဘယ်တည်းကကြိုက်ခဲ့တာလဲမသိပေမဲ့...မင်းကိုဂရုစိုက်တာတော့ ဟိုးအရင်တည်းကပဲ...မင်းကိုအမျိုးမျိုးဒေါသထွက်အောင်လုပ်တတ်ပေမဲ့ တကယ်တန်းသူမင်းကိုအရမ်းအလေးထားတာ ငါတို့အကုန်လုံးသိတယ်...မင်းသာငဒူဖြစ်နေတာ..."

" အမှန်ပဲ..."

" အဲ့တော့ငါကဘာလုပ်ရမှာလဲ...ငါတောင်းပန်ဖို့ဖုန်းခေါ်တော့လဲ သူကမကိုင်ဘူး...လိုင်းပေါ်လဲအခုထိတက်မလာဘူး...မနက်ကလဲ ငါကပုံမှန်သူနဲ့ပဲသွားရမယ်ထင်ပြီး အေးဆေးအိပ်နေတာ...နိုးတော့မှ...သူ့သွားစရာရှိလို့ ကျောင်းလိုက်မပို့ဖြစ်ဘူးဆိုတဲ့ message ကိုတွေ့တယ်...စောစောစီးစီးဖုန်းဆက်ပြောရင်ရရက်နဲ့ ငါ့မှာအတန်းကို Roll call မှီရုံလေးရောက်လာရတယ်..."

" အဲ့တာကိုပဲကြည့်...သူ့စိတ်ထဲတော်တော်လေးခံစားသွားရပုံပဲ...ကိုလင်းသနားပါတယ်...ကျွတ် ကျွတ်!..."

စုတ်တစ်သတ်သတ်နဲ့ ဟန်ပိုကာလုပ်ပြနေတဲ့ခတ်နွယ်ကြောင့် သူစိတ်ပေါက်လာရတယ်...။

" _ီးကိုသနားပါလား...အဲ့လောက်သနားနေရင် နင်သွားချော့ပါလား..."

" မင်းညက သူ့ဆီကူးသွားလိုက်တာမဟုတ်ဘူး...မျက်နှာချင်းဆိုင်ပြောဆိုလိုက်ရင် ပိုတောင်အဆင်ပြေသေးတယ်..."

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now