"အဲ့ဘေးမှာကိုယ့်ဖုန်းရှိတယ် ဖွင့်လိုက်"

"ဦးရဲ့လက်တွေဖယ်ပေးဦး ၊ ကလေးမမှီဘူး"

မမြင်မကန်းနဲ့ဘေးနားကဖုန်းကိုလိုက်စမ်းတော့ကုတင်အစွန်းက
နေပြုတ်ကျသွားလေသည် ။ စေလိုရာကလည်းအကောင်ပိစိ
လက်ကိုလန့်ပြီးဆွဲလိုက်လေသည် ။ နှစ်ယောက်လုံးကုတင်ပေါ်
မှပြုတ်ကျသွားလေသည် ။ ထိုစဉ်မီးပြန်လာလေသည် ။ အပေါ်
ကနေပြုတ်ကျတာတောင်နာရကောင်းမှန်းမသိဘဲစေလိုရာကပြုံး
စိစိနဲ့လုပ်နေသည် ။ အကောင်ပိစိကတော့ကျောနာသွားလို့ရှုံ့မဲ့နေ
သည် ။

"ဦးကရယ်နိုင်သေးတာလား ....."

နောက်ပိုင်းဆက်ပြောမည့်စကားများလေထဲတွင်မျောပါသွားလေ
သည် ။ စေလိုရာကအကောင်ပိစိလေး၏နှုတ်ခမ်းလေးတွေကို
စုပ်ယူနမ်းလိုက်သည် ။ အကောင်ပိစိလေးလန့်ပြီးတုန်သွားသည် ။ အကောင်ပိစိလေးတုန်သွားတာကိုသတိထားမိလိုက်တော့စေလို
ရာကနမ်းနေရင်းနဲ့ရယ်သည် ။

"ကိုယ်မပိုင်ဆိုင်သေးပေမဲ့ ထိခွင့်ပေးပါကလေး ၊ ကိုယ်တောင်းပန်
ပါတယ်"

"ဦး မီးပိတ်လိုက်ပါ နော်"

စေလိုရာကလက်ဖျောက်တီးလိုက်တော့အခန်းမီးကပိတ်သွားပြီး
မိုးသားတိမ်တိုက်ကင်းစင်သွားသည့်ကောင်းကင်မှလရောင်သည်
အခန်းထဲသို့တဖြည်းဖြည်းဝင်ရောက်လာသည် ။ အကောင်ပိစိ
လေးကိုကုတင်ပေါ်ပြန်တင်ပြီးအပေါ်မှအုပ်မိုးလိုက်သည် ။
အကောင်ပိစိလေး၏ညအိပ်အင်္ကျီလေးလည်းကုတင်အောက်သို့
ရောက်ပြီးမျက်နှာငယ်သွားရသည် ။ အင်္ဂလိပ်နယ်ချဲ့တွေဝင်
ရောက်လာသလိုစေလိုရာကတဖြည်းဖြည်းနယ်မြေကျူးကျော်
လာသည် ။ အလင်းရောင်မှိန်မှိန်လေးအောက်တွင်တောင်မှ
အကောင်ပိစိလေး၏နီရဲနေသောမျက်နှာလေးကိုမြင်နေရသေး
သည် ။

"ဦး အဲ့လောက်ကြီးစိုက်မကြည့်နဲ့လေ"

အကောင်ပိစိလေးရှက်လွန်းလို့စေလိုရာ၏လည်ပင်းကိုသိုင်းဖက်ကာ ရင်ခွင်ထဲမှာမျက်နှာကိုဖွက်ထားလေသည် ။ တဖြည်းဖြည်း
နဲ့အကောင်ပိစိလေးဆီမှအသံသေးသေးလေးတွေထွက်ကျလာ
သည် ။ ဒါကိုစေလိုရာကသဘောတကျနဲ့ပြုံးနေသည် ။ အရင်
ကဘယ်လောက်ဥပုသ်စောင့်စောင့် ဒီလိုအချိန်တွင်တော့ဥပုသ်မ
စောင့်နိုင်တော့ဘဲ အသားစားကျားကြီးအဖြစ်သို့ခဏလေးအ
တွင်းတွင်ရောက်ရှိသွားလေသည် ။ (ရီဒါလေးတွေချောင်းကြည့်
ပြီးရင်အခန်းတံခါးသေချာပြန်ပိတ်ခဲ့ဦး ၊ အကောင်ပိစိမနက်နိုးလာ
ရင်မျက်နှာဓားနဲ့လှီးပစ်မယ်တွေဘာတွေလုပ်နေဦးမယ်)

သခင့်​စေလိုရာWhere stories live. Discover now