"အော် ဟုတ်သားပဲ ဖေဖေကြားတယ်.. ၊
အဲ့ကလေးက တော်တော်လေး တော်တယ်လို့
ဦးဟန်သစ်ဆီက ကြားဖူးတယ်..."

ဦးဟန်သစ်ဆိုတာ မော့်အဖေ.. ၊
အဖေသုံးယောက် မိတ်ဆွေဖြစ်ရာကနေ
သူတို့ သုံးယောက်လဲ သူငယ်ချင်းတွေ
ဖြစ်ခဲ့ကြတာ.. ခုတော့ ထူးထူးသော်
ရောက်လာပြီး အရာအားလုံး
စတင် ပျက်စီးနေရပြီ....။

.................။

"ငါလဲ မသိဘူး...."

ခွန်းသော် ၊ မော့်အား ဖုန်းဆက်လာပြီး
ထူးထူးနဲ့ အာဏာတို့ ကလောကို
ထွက်သွားကြသည်ဟု ပြောလေသည်။

မော် သက်ပြင်းချမိလျှက်သား...။

အာဏာ ထူးထူးကို ဘာတွေ
ဒုက္ခပေးဦးမလို့လဲဟု တွေးမိရင်း
စိတ်မောရလေသည်။

"သူတို့နှစ်ယောက် တကယ်တွဲနေပြီထင်တယ်..."

ခွန်းသော်၏ ဒေါသသံရောယှက်နေသော
စကားကြောင့်...

"ခွန်းသော်....၊ ထူးထူးက အာဏာနဲ့က
အဆင်ပြေမနေဘူး ၊ မင်းထင်သလို
သာယာနေတာမဟုတ်ဘူး....၊
အာဏာက ထူးထူး ကို ကစားနေတုန်းပဲ၊ ... "

မော်၏ စကားကြောင့် ခွန်းသော် ဆီမှ
အသံတိတ်သွားစဉ်...

"မင်းလဲ သူ့အပေါ် အမြင်မကြည်တာတွေ
ရပ်လိုက်သင့်ပြီ၊ ထူးထူးမှာ ဘာအပြစ်မှ
မရှိပါဘူး ခွန်းသော်ရာ..."

"ဘယ်လိုပဲဖြစ်ဖြစ် ...၊
ထူးထူးလက်ထဲ အာဏာ့ကို လုံးဝ
အရောက်မခံနိုင်ဘူး..၊
ငါရဲ့အဖေ ၊ ငါ့ရဲ့နေရာ .. ၊ ငါ့ချစ်သူ...၊
အခု ငါ့ ရဲ့သူငယ်ချင်း... ၊
အရာအားလုံးကို သူ့ကို ပိုင်ဆိုင်ခွင့် မပေးနိုင်ဘူး...."

"သူကလဲ ဘယ်အရာကိုမှ ပိုင်ဆိုင်ဖို့
မကြိုးစားပါဘူး ခွန်းသော်....."

ခွန်းသော်ရာ အမုန်းတွေ ရပ်လိုက်ပါတော့လား...၊
ထူးထူးက မင်းကို ခွင့်လွှတ်လေ
မင်းပူလောင်လေဖြစ်နေရမှာ။

..................။

"ဟေ့ ထ..."

လက်မောင်းကို လှုပ်ကာ နှိုးလိုက်သောကြောင့်
ထူးထူး ထကြည့်တော့မှ အာဏာမင်းဆက်
ကားပေါ်ကို ရောက်နေမှန်းသိတော့သည်။
ထူး ဘယ်လောက်တောင်
အိပ်ပျော်သွားတာလဲဆိုရင် ဘယ်နေရာတွေ
ရောက်နေလည်း ဆိုတာတောင် မသိတော့....၊

ဒဏ်ရာWhere stories live. Discover now