"ကိုတောင်းပန်ပါတယ်... ထူးထူး၊
ထူးထူးလို ဖြူစင်တဲ့
လူတစ်ယောက်ကို မရွေးချယ်ခဲ့သင့်ဘူး..."

ထူးထူး ခေါင်းခါလိုက်ကာ .....

"ကိစ္စမရှိပါဘူး...မော်၊
ထူးထူးကလဲ မရိုးသားခဲ့ပါဘူး...၊
မော်တို့ ထူးထူး အပေါ် လိမ်နေကြတယ်ဆိုတာကို အာဏာမပြောခင်ထဲက ထူးထူး သိပြီးသားပါ....."

ဒီတစ်ခါတော့ အံ့သြသွားသူ မော်ဖြစ်နေသည်။

အဖြစ်အပျက်တွေ အားလုံး ပြီးသွားတော့
မော်ဘက်က ပွင့်လင်းစွာပြောလာသော
စကားတွေကြောင့် ထူးထူးလဲ ပွင့်လင်းစွာပင်
အမှန်တရားကို ပြန်ပြောနေမိသည်။

"ဒါပေမယ့် ဘယ်လောက်ထိ လိမ်နိုင်ကြမလဲ
ဆိုတာကို စောင့်ကြည့်နေရင်းနဲ့...
မော့်ရဲ့ ဒုတိယပုံကို ထူးဆွဲခဲ့တာ၊
ထူး မော့်ကို စိတ်ဝင်စားနေသေးတယ်ဆိုတဲ့
အထင်ရောက် အောင်ရယ်၊ အဲ့ပန်းချီကားကို
မြင်ရင် အာဏာမင်းဆက် သူ့ကိုယ်သူ
ရှုံးတယ်လို့ ယူဆအောင်ရယ်၊ ထူးလုပ်ခဲ့တာ..."

မော့် မျက်နှာ အံ့သြမှုတွေ မှေးမှိန်မသွားခဲ့.........

"ထူး မော့်ကိုအရင်က စိတ်ဝင်စားခဲ့တာ ရှိခဲ့ပေမယ့် အာဏာမင်းဆက် ရောက်လာပြီး နောက်ပိုင်းမှာ
အရာအားလုံးပြောင်းလဲ သွားခဲ့တယ်.... "

မော် သက်ပြင်းချလိုက်သည်။
သူအမြဲ ရှုံးနေတဲ့ အာဏာမင်းဆက်ကို
ဘယ်သူကမှ မနိုင်ခဲ့ဘူးလေ.။

"ထူးထူးလဲ သူ့အပေါ်မှာ ကျရှုံးသွားခဲ့တယ်..."

နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။
သူတို့တွေ ဘယ်လိုပဲ ဖြစ်ကျန်ခဲ့ပါစေ
အာဏာမင်းဆက်ကတော့ လုံးဝ ဂရုမစိုက်ပဲ
ထားပစ်ခဲ့သူတစ်ယောက်ဖြစ်သည်။

ပြိုင်ပွဲ တစ်ခုကို အနိုင်ယူတယ်..
လူတစ်ယောက်ရဲ့ နှလုံးသားကိုကစားခဲ့တယ်..။
သူ့အတွက်က အရာရာတိုင်းက လွယ်ကူလွန်းပြီး
မဖြစ်စလောက်အရာများပင် မဟုတ်ပါလား...။

...............

နောက်တစ်နေ့မနက် ဝတ်ရည်ကို ဖုန်းဆက်ပြီး
ကားဝက်ရှော့ကို သာ လာခိုင်းလိုက်သည်။
တစ်ယောက်ထဲဖြစ်နေတာကြောင့် အသူရာ့ကိုပါ
ခေါ်လာခဲ့ပြီး၊ နည်းနည်း စိတ်သက်သာရာ
ရအောင်လဲပါသည်။

ဒဏ်ရာWo Geschichten leben. Entdecke jetzt