အခုလဲ အသူရာ့ကိစ္စကြောင့် သူ ထူးထူးပို ပို၍
အမြင်မကြည်ဖြစ်နေတာ ထူး သိသည်။

"ထူး..."

သူက ထူး ထိုင်နေသော ခုံဘေးတွင်
ဝင်ထိုင်လိုက်တာကြောင့် ထူးလဲ ပြန်ထိုင်လိုက်တော့...

"ကို မေးစရာရှိတယ်..."

"ဟုတ် မေးလေ..."

မော် ထူးထူး လက်ထဲမှ နာရီလေးကိုကြည့်လိုက်ကာ.....

"ထူး ဆွဲထားတဲ့ ပန်းချီကားကို ကိုတွေ့တယ်...."

ထူးထူးက ဘာမှ ပြန်မပြောဖြစ်
သူဆက်ပြောမှာကိုသာ စောင့်နေလိုက်သည်။
မော့်ဆီက ထို ပန်းချီကားနဲ့ ပက်သက်ပြီး
ဒါ ပထမဆုံး ကြား ရခြင်းသာ...၊
သူ့ပုံဆွဲထားတဲ့ ပန်းချီကားတွေကို fb page မှာ
ထူးထူး မဖျက်ဖြစ်သေး။

"ထူးကို ထီးပေးလိုက်တဲ့ နေ့က ပုံကို ၊
ထူးတင်ထားတာ ကို အစောကြီးထဲက တွေ့ခဲ့တာ...."

ထူးထူးက မော့်အား မော့်ကြည့်လာသော်လည်း
ချက်ချင်း အကြည့်လွှဲသွားချိန်...

"တကယ်တော့ အဲ့ ပန်းချီကားကို မြင်ပြီး
ထူးထူး ကို့အပေါ် ခံစားချက်ရှိနေတယ် ထင်လို့...၊
ထူးထူးကို ပြိုင်ပွဲအတွက် ကို ရွေးချယ်ခဲ့တာပါ..."

မော်စကားက ထူးကို အံ့သြသွားစေတာအမှန်ပင်..
ထူးထူးကို ပြိုင်ပွဲအတွက် ရွေးချယ်ခဲ့တာ
မော် တဲ့လား...။

"ထူးထူးကို ရွေးရင်တော့ အာဏာ့ကို နိုင်မယ်
ထင်ပြီး ရွေးချယ် ခဲ့တာ...."

မော့် ခေါင်းကိုငုံ့သွားပီး..၊
အပစ်ရှိသူ တစ်ယောက်လို ပုံစံမျိုး ဖြစ်သွားသည်။

ထူးထူးကတော့ ဘာမှပြန်မပြောဖြစ်သေး။

"ကိုနဲ့ အာဏာနဲ့ က ငယ်ငယ်ထဲက
ဘယ်အရာမဆို ပြိုင်ပွဲတွေအမြဲ လုပ်နေကြ...၊
ပြိုင်ပွဲတိုင်းမှာ အာဏာ့ကို ဘယ်တုန်းကမှ
မနိုင်ခဲ့ဖူးဘူး... ၊ အဲ့တာကြောင့် နိုင်နိုင်မယ့်
နည်းကို ရွေးချယ်ခဲ့ပေမယ့်..၊ ထပ်ရှုံးလိုက်ရတယ်..."

မော်က တစ်ချက်ရယ်လိုက်သော်လည်း
နာကျင်မှုတွေပါဝင်နေတာ ထူးထူး မြင်လိုက်သည်။

ဒဏ်ရာWhere stories live. Discover now