Part-16

320 20 4
                                    

ပြတင်းပေါက်မှ ဝင်ရောက်လာသော နေရောင်ခြည်ကြောင့် Mark အရင်နိုးလာသည်

နိုးသည်နှင့် ဘေးက အိပ်ပျော်နေသော sleeping beauty ချစ်ရသူလေးကို အရင်ကြည့်လိုက်သည်

BB တစ်ယောက် Mark ပေးထားသော အနီရောင် အမှတ်အသားများနှင့် ပြည့်နက်နေကာ အလွန် ဆွဲဆောင်မှု ရှိ၍ တစ်မျိုးတစ်ဖုံ ချစ်ဖို့ ကောင်းနေသည် နေထိုးသောကြောင့် မျက်ခုံးများကလည်း ကျုံ့နေသေးသည်

Mark လည်း ချစ်ရသူလေး အေးချမ်းစွာ အိပ်နိုင်ရန်အတွက် လိုက်ကာထပိတ်လိုက်ပြီး BB ဘေးသို့ ပြန်၍ ဝင်လှဲနေလိုက်သည်

ထို့နောက် ချစ်ရသူလေး၏ မျက်နှာကိုသာ တစိမ့်စိမ့်ထိုင်ကြည့်နေတော့သည်

Mark - aiigoooo ကို့ကလေးလေး ပင်ပန်းသွားပြီ ထင်တယ် ဟင်း ချစ်လိုက်တာနော် ချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲ

Mark တစ်ယောက် ပြောလည်း ပြောကာ BB ၏ နှဖူးမှစ မျက်ခွံ နှခေါင်း ပါး မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီကို နမ်းလိုက်၍ နှုတ်ခမ်း၌ အနမ်းများကို ကြာရှည်စေလိုက်သည်

BB အသက်ရှူမဝသောကြောင့် မျက်လုံးများ တစ်ဝက်ခန့်ပွင့်လာသည်

Mark - ကို့ ကလေးလေး နိုးပြီလား arrrr ကို့ baby လေးက အိပ်ယာက ထခါစတောင် ချစ်ဖို့ ကောင်းနေလိုက်တာ စိတ်မချလို့ ငုံတောင် ထားချင်တယ်

BB - ဟင့် hyung လူဆိုးကြီး ညက သူကြမ်းထားလို့ သူများ ပင်ပန်းနေတာကို ပေးမအိပ်ဘူး

Mark - aigoo ကို့ baby လေးက ထပ်အိပ်ချင်သေးလို့လား အဲ့ဒါဆို ကို့ကို နမ်း

BB - ဟင့် hyung ကလည်း အိပ်ချင်ပါတယ်ဆို ခုနကပဲ နမ်းထားတာလေ သွားလည်း မတိုက်ပဲနဲ့

Mark - နောက်တစ်ခေါက် နောက်တစ်ခေါက်ပဲ ဒီနားလေး

Mark နှုတ်ခမ်းကို စူလိုက်၍ လက်ညိုးဖြင့် ထိုးပြလိုက်သည်

BB - အူးးးး မွ............. ရပြီလား

Mark - Omm ကို့ baby လေးက အတော်ဆုံးပဲ အိပ်နေနော် hyung ပြီးရင် ခေါ်လိုက်မယ်

BB - Nae

Mark ရေမိုးချိုး အဝတ်အစား လှဲကာ ပြင်ဆင်ပြီးနောက် BB ကို နိုးလိုက်သည်

My Mrs. Husband ( Markbam )(Complete) Место, где живут истории. Откройте их для себя