Part-6 ( အဟိ )

485 23 4
                                    

ညရောက်သောအခါ

Mark - ကလေး ရေချိုးပြီးရင် အောက်ထပ်
             Party သွားမယ်နော်

အမှန်တော့ BB တို့ လင်လင် ၂ ယောက်အတွက် ၂ ဖက်မိဘက အိမ်ဝယ်ပေးထားခြင်း ဖြစ်သည်

၂ ထပ်အိမ်လေးဖြစ်၍ ပန်းခြံလေး ရေကန်လေးနှင့် ဒန်းလေးတို့ဖြင့် နေချင်စရာ ကောင်းလှသည်

လူပျိုနောက်ဆုံးညလေးကို ပန်းခြံထဲတွင်ပင် Party လုပ်ရင်း နှုတ်ဆက်ဖို့ Mark လုပ်ထားသည်

အဝေးကြီးသွားလျှင် မင်္ဂလာဦးည တွင် မဦးပဲ နေရတော့မှာ စိုးသောကြောင့်ဖြစ်သည်

သို့သော် သောက်ကြောတင်း BB ကြောင့် ဥာဏ်နီ ဥာဏ်နက် ဥာဏ်ပြာ ဥာဏ်ဝါများ ထုတ်သုံးရတော့မည်

BB - ခဗျား အရင်ချိုးလိုက်

Mark - ဟင် တူတူ မချိုးဘူးလား

BB - ဘာကိစ္စ တူတူ ချိုးရမာလဲ တော်ပြီ
        ကျွန်တော်ပဲ အရင်ချိုးလိုက်မယ်

ပြောရင်း ဆိုရင်းနှင့်ပင် ရေချိုးခန်း ထဲဝင်သွားကာ တံခါးစောင့်ပိတ်လိုက်သော BB နှင့် ငုတ်တုတ်လေး ကျန်ခဲ့သော Mark

Mark Pov - ငါငတ်တော့မယ်လို့ ခံစားနေရတယ်

BB ရေချိုးပြီး ပြန်ထွက်လာသော အခါတွင်လည်း

BB - ဒီမှာ ခဗျားကြီး

Mark - ပြော ကလေး

BB - ခဗျား ဆိုဖာပေါ်မှာ အိပ် ကျွန်တော်
         ကုတင်ပေါ်မှာ အိပ်မယ်

Mark - ဟင်

BB - ဖြစ်နိုင်ရင် အခန်းခွဲ အိပ်ချင်တာ မားတို့
         ရုတ်တရက်ကြီး ရောက်လာရင် နားပူမှာ
         စိုးလို့ ဒါပဲ ကျွန်တော် အောက်ဆင်းတော့
         မယ် ခဗျားလည်း ပြီးရင် ဆင်းခဲ့

Mark - ...............

Mark ဘာမှ မပြောခင် ပြောချင်တာ ပြောပြီး ဆင်းသွားသော BB ပင်

Mark လည်း ပြင်ဆင်ကာ ခြံထဲ ဆင်းရန် လုပ်ရတော့သည်

Mark ခြံထဲရောက်သောအခါ Mark နားက တဖဝါးမှ မခွါပဲ ကပ်နေသော BB ကြောင့် အံ့သြသွားရသည်

Mark ခြံထဲကို ကြည့်လိုက်တော့ BB နှင့် ဆုံဖူးသည့် သူ့ ex ၂ ယောက်

My Mrs. Husband ( Markbam )(Complete) Where stories live. Discover now