Part-10

358 21 6
                                    

BB - ခုထိပြန်မလာနိုင်ရအောင် ဘာတွေ လုပ်နေတာတုန်း ဟင်းးးးးးးးး

သူငယ်ချင်းများခေါ်၍ ထွက်သွားသော Mark ပြန်မလာသေးသောကြောင့် BB ဧည့်ခန်းထဲတွင် ထိုင်စောင့်နေသည်

BB - ပြောတော့ ၁၁ မထိုးမင် ပြန်လာမယ် ဆိုပြီး ၁၂ တောင် ကျော်နေပြီ တော်တော် ပျော်နေလား မသိဘူး

Mark ကို ထိုင်စောင့်ရင်း ငိုက်နေစဉ် အိမ်ရှေ့က bell သံကြောင့် BB နှိုးလာသည်

BB - ပြန်လာပြီထင်တယ်

Mark ပြန်လာပြီ အထင်နှင့် တံခါးသွားဖွင့်သော BB ဒေါသများ ငယ်ထိပ်စောင့်တက်သည်အထိ

အကြောင်းမှာ ရင်ဟိုက် ပေါင်ပြတ် နှင့် လုံရုံသာ ဝတ်ထားသော နှုတ်ခမ်းနီရဲရဲ မိန်းမကြီး၏ လက်ထဲတွင် မူးရူးပြီး လိုက်ပါလာသော Mark

ထိုမိန်းမ၏ အကြည့်များကလည်း BB ကို အထင်သေးနေသည့် ပုံ

?? - Mark Oppa က အရမ်း မူးနေလို့ ဒို့ခေါ်လာပေးတာ Mark Oppa က မပြောင်းလဲသေးဘူးပဲ မူးတာနဲ့ အရမ်းဆိုးလာတာ ဒါကြောင့် ဒို့ဂရုတစိုက်နဲ့ ခေါ်လာပေးတယ်

BB မှာ ဒေါသအလွန်ထွက် နေသော်လည်း ဘာမှ မဖြစ်သော ပုံစံဖြင့် Mark ကို လက်လွှဲယူလိုက်ကာ ဝတ်ကျေ တန်းကျေသာ ကျေးဇူးတင်လိုက်သည်

BB - ကျေးဇူးပဲ hyung ကို လာပို့ပေးတဲ့ အတွက်

BB စကားကြောင့် ထိုမိန်းမ မဲ့ပြုံးသာ ပြုံးလိုက်သည် စိတ်ထဲမှာတော့ ဘာမှ မဖြစ်သော BB ပုံစံကြောင့် အခဲမကြေနိုင်

ထိုစဉ် ထဖောက်လာသူက Mark ထိုမိန်းမနှင့် အတူလာစဉ်က ငြိမ်နေသလောက် BB လက်ထဲရောက်သည်နှင့် မူးမူးရူးရူး ဇွတ်နမ်းတော့သည်

Mark - ကိုကို့ ကလေးလေး ရေချိုးထားတာလား မွှေးလိုက်တာ

BB စစချင်း လန့်သွားသော်လည်း ရှေ့က မျက်နှာပျက်သွားသော မိန်းမကို ရွဲ့ချင်သောကြောင့် Mark အား ချွဲပစ်နေသော အသံဖြင့် ပြန်ဖြေရှာသည်

BB - hyung ကလည်း ဧည့်သည်ရှေ့မှာ မဆိုးရဘူးလေ အခန်းထဲရောက်မှ hyung ကြိုက်သလောက် ဆိုးလို့ ရတာပဲကို

My Mrs. Husband ( Markbam )(Complete) Opowieści tętniące życiem. Odkryj je teraz