ခွန်းသော်က အသူရာ့ကိုယ်လေးအား
ခပ်ကြမ်းကြမ်းဆွဲလှည့် ရင်း...

"မင်း သေချာပြီလား..?"

သူ အသူရာ့အား စိုက်ကြည့်နေသလို၊
အသူရာလဲ သူ့ မျက်လုံး တည့်တည့်အား
စိုက်ကြည့်ရင်း...

"အင်း...."

ခွန်းသော် ဘာစကားတစ်ခွန်းမှ မပြောတော့ပါပဲနှင့် ထွက်ခွာသွားလေသည်။ သူ ထွက်သွားတာကို
အသူရာ ငေးကြည့်နေမိရင်း ပါးပြင်ထက်တွင်
မျက်ရည်စတို့ စီးကျလျှက်။

"အသူရာ...?."

မထင်မှတ်ထားသော တစ်စုံတစ်ယောက်၏
အသံကြောင့် အသူရာ ခြံထဲသို့ ကြည့်မိချိန်
မျက်ရည်များနဲ့ ထူးထူးသော် ကို
မြင်လိုက်ရတာကြောင့်
အံ့သြထိတ်လန့်သွားရသည်။

"ထူးထူး..!!"

ထူးထူးက ခြံထဲမှ ထွက်လာကာ
အသူရာ့အား ငိုပြီး ကြည့်နေချိန် ...

"ထူးထူး...၊ နင် ငါ့ကို ဘာမှ မပြောနဲ့နော်..၊
ဘာမှလဲ တားဖို့ မစဉ်းစားနဲ့...."

ဟူ၍ အသူရာ အရင်ဦးအောင် ပြောမိတော့
ထူးထူးက...

"အသူရာ.. နင် ငါ့ကြောင့်နဲ့...."

"တော်တော့ ထူး..!! ဘာမှ နင့်ကြောင့်နဲ့ မဟုတ်ဘူး...၊
ငါ မကောင်းတဲ့ လူတစ်ယောက်နဲ့ ဝေးတာကို
နင်ဝမ်းသာရမှာ လေဟာ....."

ထူးထူးက ရပ်နေရာမှ ငုတ်တုတ်လေး
ထိုင်ချကာ သဲထန်စွာ ငိုနေချိန်၊
အသူရာ သူ့အား ဆွဲထူလိုက်ကာ ပွေ့ဖက်လိုက်ပြီး

"ထူးရယ်.. နင် ဘာလို့ အဲ့လောက်ထိ
ပျော့ညံ့ရတာလဲ၊ ပျော့ညံ့နေတာတွေကို
ဖျောက်လိုက်ပါတော့ဟာ...."

နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်
ဖက်၍ ငိုနေမိကြရင်း တစ်ယောက်နာကျင်မှုအား
တစ်ယောက်ဖေးမလျှက်။

...................

အာဏာ ကျောင်းကို ရောက်မလာတာ
သုံးရက်ရှိသွားပြီ ၊ အဆက်အသွယ်လဲ
လုပ်လို့ မရတာကြောင့် မော် သူ့အိမ်ကို
လိုက်သွားရန် ဆူံးဖြတ်လိုက်သည်။

ဒီကောင် ဘာတွေ လုပ်နေပြန်ပြီလဲ မသိ။
ခု တလော သူလဲ အိမ်နဲ့ အဆင်ပြေပုံမရ၊
အိမ်ခွဲနေနေတာရော.. ၊
သြဇီသွားဖို့ အသဲအသန် စီစဉ်နေတာရောက..
သူ့မိဘတွေနဲ့ ပက်သက်နေမယ်ဆိုတာ
မော်သိနေသည်။ အာဏာ့ အဖေနဲ့ မော့်အဖေက
ရင်းနီးတော့ အာဏာ့ အဖေက မိန်းမရှုပ်တာရယ် ၊
အိမ်တွင်းရေး အဆင်မပြေတာတွေရယ်ကိုပါ
မော်သိ ထားသည်။ ဒါပေမယ့် အာဏာက
ထိုကိစ္စကို သိပ်ပြောလေ့မရှိတာကြောင့်
feel သိပ်မထည့်ထားဘူးပဲ ထင်တာ..

ဒဏ်ရာWhere stories live. Discover now