အသူရာ ပျော်သွားပြီး..
သူ့ဖုန်းနဲ့ အသူရာ့ဖုန်းကို ခေါ်လိုက်သည်။

ဟိဟိ ပျော်လိုက်တာ...၊

"ကျေးဇူးပဲနော်...၊
အသူရာ ဖုန်းဆက်ရင် ကိုင်နော် ..."

ဟု ထပ်ပြောတော့ သူကပြုံးကာ အင်းဟု
ဆိုလေသည်။

ဒီလို အရာရာ ပြည့်စုံကြွယ်ဝနေသည့်
လူတစ်ယောက်အား မှန်းမိတာ အသူရာ
လွန်ရာကျမည်လား။

...............

ရန်ကုန်သို့ ပြန်ရောက်သော ညတွင်
ထူးထူးတစ်ယောက် ဖုန်းကို ဟိုပွတ် ဒီပွတ်
လုပ်ရင်း မီးစိမ်းနေသော အာဏာမင်းဆက်၏
အကောင့်ကို ၀င်ဝင် ကြည့်နေမိသည်။
တစ်ခုခု သွား၍ ပြောချင်သော်လည်း
စာကို ရိုက်လိုက်ပြန်ဖျက်လိုက်နှင့်
အလုပ်ရှုပ်နေသည်။ အွန်လိုင်းမှာ ရှိနေတာတောင်
နေနိုင်စွာ စကားတစ်ခွန်းမှ မပြောသော လူကြီး။
ခဏကြာတော့ Out သွားလေသည်။
ထူးထူး စကားတွေနဲ့ အပြုအမူတွေကြောင့် ၊
ထူးထူးကို ဆက်မလိုက်တော့ပဲ လက်လျှော့လိုက်
လေပြီလား....။

ထူးထူးလဲ သူ့ကို စကားသွားပြောမိမှာ
စိုးတာကြောင့် ပုံဆွဲ စာအုပ်နဲ့ ခဲတံကို
ယူလိုက်ကာ သူ့ပုံလေးကို ရေးခြစ်နေမိသည်။
ထူးထူး မြင်ဖူးသမျှထဲမှာ အချောဆုံး
လူသားလို့တောင် တင်စားလို့
ရလောက်သည့် ထိုလူ..။
တစ်နေရာမှ ပြောစရာမရှိလောက်အောင်
ပြည့်စုံလွန်းတဲ့ လူ။

ဒီလိုလူနဲ့သာ တွဲဖြစ်ခဲ့ရင် ဖြစ်လာမယ့်
ကောင်းကျိုး ဆိုးကျိုးတွေကို ထူးထူး
ခံနိုင်ရည် ရှိပါ့မလား..။

ရုတ်တရက် မေမေ့အကြောင်းကို တွေးမိပြန်သည်။
မေမေ ချမ်းသာတဲ့လူနဲ့ လက်ထပ်တော့
ထူးထူး စိတ်ထဲ မသန့်သလို ဖြစ်ခဲ့ဖူးသည်။
ခု ထူးထူး ကိုယ်တိုင်သာ အာဏာမင်းဆက်နဲ့
ဆိုရင်..၊.ပတ်ဝန်းကျင်ကို ထူးထူး
ရင်ဆိုင်ရဲပါ့မလား..၊ ထူးထူ အတွေးတွေ လွန်နေမိပြီ။

စာအုပ်ထဲမှ ဆွဲထားသော ပုံလေးကို အထပ်ထပ်
အခါခါ ကြည့်နေမိရင်း.. သူက ငါ့ဘ၀ထဲကို
မဖိတ်ခေါ်ပဲ ရောက်လာခဲ့တယ်.. ၊
မနှင်ပဲ ပြန်ထွက် မသွားပါစေနဲ့လို့
ဆုတောင်းနေမိသည်။

ဒဏ်ရာWhere stories live. Discover now