အငြိုးပြေစေ Chapter 5

Start from the beginning
                                    

🖤မင်းနိုးပြီလား

ရုတ်တရက်မို့ ရှက်ရွံ့စွာအိပ်ယာပေါ်
ကစောင်ကိုယူပြီးကာကွယ်မိသည်။

🖤လုပ်မနေနဲ့ ငါစိတ်မပါဘူး
ညကမူးနေလို့ဖြစ်သွားတာ.. မင်း
ရေသွားချိုး..ပြီးရင်အောက်ထပ်ဆင်းခဲ့...

မှာချင်တာမှာပြီးထွက်သွားပြီးခဏကြာတော့အဂ္ဂဆိုတဲ့အကိုရောက်
လာခဲ့ပြီးSonအတွက်လိုအပ်တာတွေလာပေးခဲ့သည်။

နာရီဝက်လောက်ကြာတော့ လှေကားကနေတရွေ့ရွေ့ဆင်းလာတဲ့အဖြူရောင်အကောင်ပေါက်လေး ဖြူဖြူ
ပါးပါးဆံပင်လုံးလုံးလေးကထိတ်လန့်
နေသည့်ဝိုင်းစက်စက်မျက်လုံးလေး
တွေနှင့်ကျွန်တော့်ကိုရပ်ကြည့်နေလေသည်။

🖤ဘာရပ်ကြည့်နေတာလဲ ထိုင်လေ

ရုတ်တရက်အော်လိုက်တာကြောင့်
တုန်သွားရှာသည့် ကိုယ်လေးနှင့်
Pinရှေ့ကခုံမှာဝင်ထိုင်ရှာသည်။

အဂ္ဂလည်းမှောက်ထားသည့်ခွက်ကို
လှန်ပြီးကော်ဖီထည့်ပေးမိတော့...

🖤နောက်နေ့ကစပြီးသူ့ကိုနွားနို့ပဲတိုက်ပါ..
"ဟုတ်ကဲ့သခင်လေး"
❤ဟို..ကျွန်တော်နွားနို့မကြိုက်..

ဖြန်း...
ကော်ဖီစားပွဲကိုရိုက်ချလိုက်သည့်
အသံကြောင့်လန့်ဖြန့်ပြီးတုန်ရင်နေ
သောကောင်လေးကိုကြည့်ပြီး..

🖤ငြင်းပိုင်ခွင့်ရှိတယ်လို့ မင်းကိုဘယ်သူခွင့်ပြုခဲ့လဲ..စားအဲ့ရှေ့ကမုန့်
ကုန်အောင်..

ရှေ့ထိုးပေးလာတဲ့မုန့်ပန်းကန်အပြင်
ခွက်အပြည့်ရောက်လာတဲ့နွားနို့ကြောင့်ဘာမှမပြောရဲတော့ပဲ တစ်ခုပြီးတစ်ခု သာပါးစပ်ထဲထိုးထည့်နေ
လိုက်သည်။

❤ကျ..ကျွန်တော်မစားနိုင်တော့ဘူး

ကြည့်မိတာ မုန့်ပန်းကန်တစ်ဝက်လောက်ကျိုးနေပြီမို့pinလည်းဘာမှမပြောတော့ပါ။

🖤အဂ္ဂ
"ဟုတ်ကဲ့သခင်လေး"
🖤သူ့ကိုပြင်ဆင်ပေးလိုက် ခဏနေရင်ငါ့အိမ်ကိုခေါ်သွားမယ် ငါခိုင်းထား
တာတွေမင်းဘာသာကြည့်လုပ်ထားလိုက်တော့...ဒယ်ဒီအိမ်မှာဆုံမယ်
"ဟုတ်ကဲ့သခင်လေး ...လာ..ညီ
အကိုနဲ့လိုက်ခဲ့"

🖤သူ့ရဲ့အငြိုးအတိုးချပေးမည့်အချစ်တစ်ခု❤ (Completed) Where stories live. Discover now