အပိုင်း - ၁၄💚

Start from the beginning
                                    

"ပေါက်ကရကလေးရယ် ... ဦးမှာဒီအသည်းကျော်လေးရှိနေတာကို ကျန်တာတွေဘယ်လောက်လှလှ ဒီအလှထက်တော့မပိုဘူး"

"ကလေးမနက်ကအန်နေတာရောသိရဲ့လား ... ကျောင်းလည်းမသွားနိုင်ဘူး သင်တန်းလည်းမသွားနိုင်ဘူး ပြောလိုက်ရင်အလုပ်အလုပ်နဲ့ ... ထမင်းစားဖို့အတွက်အလုပ်ကအရေးကြီးတာကလေးသိပါတယ် ... အခုကဦးကအလုပ်ကိုပဲဦးစားပေးနေတာကြာပြီ"

အသံလေးကဆူအောင့်အောင့်လေးနဲ့ပြောလာသည့်ကလေးငယ်။ ကလေးငယ်နဲ့ခရီးထွက်ထားတုန်းကပျက်ကွက်သွားရတဲ့အလုပ်တွေကို သူပြန်ဖြည့်နေရသည့်အတွက် ကလေးငယ်နေမကောင်းတာကိုတော့ သူ,မသိလိုက်တာ အမှန်ပါ။

"အခုရောဘယ်လိုနေသေးလဲ ... အန်သေးလား ဘာတွေစားလိုက်
လို့လဲ"

"မသိပါဘူး ... ဆေးတွေသောက်ထားတော့သက်သာသွားပြီ ... ကလေးအိပ်ချင်နေပြီ ဦးလည်းအိပ်တော့"

အခန်းထဲကိုအရုပ်ကလေးပိုက်ပြီးပြေးဝင်သွားသည်။ ကလေးနေမကောင်းတာသူ,မသိလိုက်တာကလေးကစိတ်မကောင်းဖြစ်
သွားလေသည်။ အခုတော့စိတ်ဆိုးနေလို့လွှတ်ထားလိုက်ဦးမည်။ မနက်မှ အေးအေးဆေးဆေးသေသေချာချာထိုင်ချော့တော့မည်ဟု သူဆုံးဖြတ်လိုက်သည်။ ကလေးကိုအချိန်ပေးဖို့လည်းရက်တွေချန်ထားဖို့ သူအချိန်စာရင်းတွေအကုန်ပြန်ညှိလိုက်ပြီး သူအိပ်ယာဝင်လိုက်သည်။

"သားလေးရေ ... သားငယ် ထတော့လေ ... ကျောင်းနောက်ကျနေဦးမယ်"

မေဆူးခက်လာနှိုးတာတောင် တုပ်တုပ်မျှမလှုပ်ဘဲ အိပ်ပျော်‌နေလေသည်။ မေဆူးခက်လည်း ရိုးရိုးနှိုးလို့မရသည်နှင့် ကိုင်လှုပ်ရန်လက်ကလေးတွေကိုကိုင်လိုက်တော့ သားငယ်လေး၏အသားတွေပူခြစ်နေတာကိုသိလိုက်ရတော့သည်။

"သား ကိုယ်တွေပူနေပါ့လား ... ထစမ်း မာမီကြည့်ရအောင်"

သားလေးကိုဆွဲထူလိုက်ပြီး နဖူးကိုစမ်းကြည့်လိုက်တော့ကိုယ်တွေအရမ်းပူနေသည်။ သူ(မ)လည်းလန့်သွားသည်။ ဒီရာသီကတုပ်ကွေးတွေအဖြစ်များနေတော့ သူ(မ)အရမ်းလန့်သွားသည်။

"နေဦး ... မာမီဆရာဝန်ခေါ်ပေးမယ်"

အောက်ထပ်သို့အမြန်ပြေးဆင်းသွားပြီး စေလိုရာ့အခန်းတံခါးကိုခေါက်လိုက်သည်။ စေလိုရာအိပ်ချင်မူးတူးနဲ့အခန်းထဲကထွက်လာသည်။

သခင့်​စေလိုရာWhere stories live. Discover now