"ချမ်းမြေ့ ငါတို့သွားနှင့်မယ်..."

ချမ်းမြေ့ကို ခပ်တိုးတိုးပြောလိုက်လေတော့
ချမ်းမြေ့က ခေးဆိုင်ဘက် ခပ်စူးစူးတစ်ချက်
လှမ်းကြည့်ကာ သူနဲ့အတူ ကားပေါ်က အရင်
ဆင်းလာခဲ့သည်။ ထို့နောက် ရွှန်းရွှန်း တို့
လင်မယားရှိရာဘက်သို့ သွားကာ

"ရွှန်းရွှန်း ...နင်နဲ့ Haruto အရင်ဝင်နားလေ
ငါနဲ့ အစ်ကိုနဲ့ ပစ္စည်းတွေ သယ်ခဲ့လိုက်မယ်"

ချမ်းမြေ့က ရွှန်းရွှန်းကို ကြည့်ရင်းပြောလိုက်
တော့ သူပါရောယောင်ပြီး ခေါင်းငြိမ့်ပြလိုက်
သည်။ ရွှန်းရွှန်းကတော့ ကျေးဇူးပဲဟု ဆိုလျက်
Haruto ရဲ့ လက်ကိုဆွဲကာ ထွက်သွားသည်။
Haruto က အားနာသလို လှည့်ကြည့်နေပေမဲ့
သူက သွားနားဖို့ရန်သာ အချက်ပြလိုက်သည်။

ရွှန်းရွှန်း ရဲ့တရားဝင်ယောကျ်ား ဆိုပေမဲ့
သူတို့ အတွက်တော့ လူမျိူးခြားဧည့်သည်
တစ်ယောက်ဖြစ်နေတာမို့ အထုတ်အပိုးတွေ
သယ်ခိုင်းနေလို့လည်းမကောင်းဘူးမဟုတ်လား။

ဝန်ထမ်းတွေက ခရီးဆောင်အိတ် အလေးအပင်တွေကို လာသယ်ပေးကြပြီး သူနဲ့ချမ်းမြေ့ကိုကိုကတော့ ကားပေါ်ကနေ Hotel အခန်းထဲရှိ မုန့်ခြင်းတောင်းတွေ ပစ္စည်းအတိုအစတွေကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ခေါက်တုံ့ခေါက်ပြန် သယ်နေရပေသည်။

"ချမ်းမြေ့..... ခုတစ်လော ညီ နဲ့ ခေးဆိုင်
တစ်ခုခု ထူးခြားနေတယ် မထင်ဘူးလား "

ထူးထက်ခေါင်က ရှင်းမြတ်နိုးပိုင်ရဲ့ နောက်ဆုံး
လက်ကျန် မုန့်ထုတ်တွေကို ကားထိုင်ခုံအောက်
က ဆွဲထုတ်လိုက်ရင်း ချမ်းမြေ့ကိုကို အား မေး
လိုက်သည်။

"အစ်ကိုရော သတိထားမိတာလား ကျွန်တော်
လည်း ပြောမလို့ပဲ ...သူတို့နှစ်ယောက် အခု
တစ်လော အရမ်းဓာတ်တည့်နေကြသလိုပဲ
ညဘက်တွေ ကျွန်တော် ခေးဆိုင်ဆီ ဖုန်းဆက်
ရင်တောင် ဘယ်တော့မှ မအားဘူး အမြဲ ရှင်းနဲ့
ဘဲ ပြောနေတာ "

ချမ်းမြေ့စကားကြောင့် ထူးထက်ခေါင် ရင်ထဲ
လှိုက်ခနဲ ဖြစ်ကာ စိုးရိမ်ရေမှတ်တို့က မြှင့်တတ်
လာသည်။ အခုတစ်လော သူ ကိုယ်တိုင်လည်း
ဘဲ ညဘက်တွေ ညီ့ ဖုန်းကို ဆက်လိုက်တိုင်း
အမြဲလိုလို " မအားသေးပါရှင် " ဟုပဲအော်နေ
သော Oreator က မမနဲ့ပဲ ဆုံနေရသည် မဟုတ်
လား။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now