ထူထူး ကားပေါ်တက်လိုက်တော့
ခလုတ်တစ်ခုခုကို နှိပ်မိပြီး တစ်ခုခု
ဖြစ်သွားမှာ ကြောက်နေမိသည်။

ဒါပေမယ့် ထိုညနေက အာဏာမင်းဆက်က
ထူထူးကို စိတ်ရှည်လက်ရှည် ရှင်းပြကာ
သေချာသင်ပေးသဖြင့် ကြောက်တဲ့စိတ်
နည်းနည်း လျော့လာလေသည်။
သူ ထူးထူး အပေါ် အရမ်းကောင်း တာကို
ထူးထူး ပို၍ မြင်လာရသည်။

ထူးထူးတို့ နှစ်နာရီလောက် သင်ပြီးနောက်
ညစာ သွားစားဖြစ်ကြသည်။

ဒီတစ်ခါတော့ သူက ထူးထူး ကြိုက်တဲ့
မုန့်လိုက်စားမည် ဆိုသဖြင့် ရခိုင်မုန့်တီ
ဝင်စားဖြစ်ကြသည်။

"ထူးထူးက ချဉ်ငန်စပ် ကြိုက်တာလား...?."

"ဟုတ်.... အာဏာကော ကြိုက်ရဲ့လား....?"

"အင်း ကြိုက်ပါတယ် ကိုက အစားမရွေးဘူး...."

"တူတူပဲ...ဒါပေမယ့် ထူးထူးက ထမင်းကိုတော့
အကြိုက်ဆုံးပဲ.. ထမင်းစားမှ တင်းတိမ်သလို
ခံစားရတာ.... ဆိုင်တွေလဲ သိပ်မထိုင်ဖြစ်ဘူး..."

အာဏာမင်းဆက်နဲ့ အနည်းငယ် ရင်းနှီးလာတော့
သူစိမ်းနဲ့ဆိုစကားနည်းတဲ့ ထူးထူးတောင်
စကားတွေ ဘာတွေ ပြောဖြစ်လာသည်။

"အော် ဒါဆို...၊ ကိုယ့်အိမ်က chef ချက်တဲ့
မြန်မာ ဟင်းတွေ အရမ်းစားလို့ကောင်းတယ်...
နောက်နေ့ ထည့်လာခဲ့မယ်...."

နောက်နေ့ဆိုတော့ ၊ နောက်နေ့တွေလဲ
သူပဲ ဆက်သင်ပေးဦးမယ့် သဘောရှိသည်။

"ထူးထူးကို ကားမောင်းလာသင်ပေးတော့
အလုပ်ပျက်နေပါဦးမယ်...
ထူးထူး အိမ်က ကားမောင်းဆရာနဲ့ပဲ
သင်လိုက်မယ်လေ...."

"မပျက်ပါဘူး......ထူးထူး ကိုယ့်ဘာသာ
တစ်ယောက်ထဲ မောင်းနိုင်တဲ့ အထိ
တာဝန်ယူမယ်လို့ ဦးသန့်ဇင်ကို
ပြောထားပြီးသား...."

ထူးထူး ဘာရယ်မဟုတ် ပြုံးလိုက်မိသည်။

ထူးထူးတို့စားသောက်ပြီး အပြန်လမ်းတွင်
အာဏာမင်းဆက်က လူရှင်းသော
တစ်နေရာတွင် ကားကိုရပ်လိုက်တာကြောင့်
သူဘာလုပ်မလို့လဲ ဟု ထူးထူးစောင့်နေမိတော့..
သူက ထူးထူးဘက်ကို လှည့်လာကာ....

ဒဏ်ရာWhere stories live. Discover now