"ထူးထူး....."
သူ့ အပြုံးတွေကြောင့် သတိလက်လွတ်ဖြစ်မှန်း
မသိ ဖြစ်သွားရချိန် ..."ထူးထူးရေ.!..."
လက်ဝါးကြီးကို ထူးထူး၏ မျက်နှာရှေ့
ဟိုရမ်း ဒီရမ်းလုပ်နေတော့မှ ထူးထူး
အသိပြန်ဝင်လာကာ...."ဟုတ်... အာဏာ... ပြောလေ....."
"နာရီ ၀ယ်ပေးရင် ကောင်းမလားလို့....
စိတ်တွေ ဘယ်ရောက်နေလဲ...?..""ဘယ်မှ မရောက်ပါဘူး...
ကောင်း.... ကောင်းပါတယ်.....""အိုကေ အဲ့တာဆို နာရီဆိုင်ပဲ သွားရအောင်....."
နောက်ဆုံးတော့လဲ သူ့ဘာသာ အကြံပေးပီး
သူ့ဘာသာ ၀ယ်လိုက်သည်သာ။
ထူးထူး လိုက်လာတာပင် ဘာမှမထူး... ။
မုန့်လိုက်စားရုံ သက်သက်ဖြစ်နေသည်။"ကျေးဇူးပဲနော် လိုက်ပေးလို့........"
အိမ်ရှေ့ထိ ပြန်ပို့ပေးပီး ကားပေါ်က
ဆင်းခံနီးတော့ သူကတောင်
ကျေးဇူးတင်သွားသေးသည်။"ဟုတ်.. ထူးသွားပြီနော်..."
"အိုကေ ကျောင်းမှာတွေ့မယ်နော်.... စီးယူ....."
ထူးထူး ခေါင်းညိတ်ကာ အိမ်ထဲ ၀င်ခဲ့တော့
ဧည့်ခန်းထဲတွင် မေမေနှင့် အသူရာတို့
စကားပြောနေကြသည်ကို တွေ့ရသည်။
အသူရာက ထူးထူးကို တွေ့တွေ့ခြင်း....."ထူး... လာထိုင်ဦး၊ အန်တီက ပြောစရာရှိလို့တဲ့...."
အသူရာကော မေမေရော တစ်မျိုးဖြစ်နေတာကို
သတိထားမိသည်။ ဘာဖြစ်နေကြတာလဲ...?.။
စိတ်ထဲ မသိုးမသန့်ဖြစ်လာရသည်။
ထူးထူး အိမ်ပြန် နောက်ကျလို့
မေမေ ဆူမလို့များလား...။ထူးထူး မေမေတို့ နှစ်ယောက်ရှေ့တွင်
မရဲတရဲ ၀င်ထိုင်လိုက်တော့..၊
မေမေပြောစရာရှိသည်ဆိုသည့် စကားက
တော်တော် နှင့် ထွက်မလာတာကြောင့်၊
အသူရာက...."အန်တီ...? ၊
အခုမပြောရင် ဘယ်အချိန်ပြောမှာလဲ၊ ...?"ဟူ၍ ပြောတော့မှ မေမေက
ထူးထူးကို ကြည့်လာကာ.."သား...မေမေ ပြောတာကို လေးလေးနက်နက်
နားထောင်ပေးပါနော်......"
YOU ARE READING
ဒဏ်ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်
Part-4
Start from the beginning