" မသိဘူးလေ...ရုပ်ရှင်တွေထဲကလို 'ဘာလို့လဲ' လို့ ရေချိုးခန်းထဲအော်ဟစ်ပြီး နံရံကိုလက်သီးတွေနဲ့ထိုး...လက်ကောက်ဝတ်ကိုဓားနဲ့လှီး...လှီး..."

" ရပြီ ရပြီ...လုံလောက်ပြီ...ဘယ်အချိန်တည်းက သေစေချင်နေတာတုန်း..."

" ကြာပြီထင်တာပဲ..."

" ....."

" ဒါပေမဲ့ စိတ်မပူပါနဲ့...ငါဆိုတာက...ကိုယ်ကတစ်ဖက်ကိုငြင်းလိုက်ပေမဲ့ အခြားတစ်ယောက်ကိုရွေးချယ်လိုက်ပေမဲ့...တစ်ဖက်ကိုလဲ ကိုယ့်ကိုယ်ပဲဆက်ကြိုက်စေချင်နေတဲ့ ဦးနှောက်မနှံ့တဲ့သူတွေထဲ မပါပါဘူး...ဒါကြောင့် အခြားမင်းကြိုက်ရတဲ့သူတွေ့ရင်လဲ ငါ့ကိုပြောပြအုံး...နောက်ထပ်ကံဆိုးသူမောင်ရှင်က ဘယ်သူလဲသိချင်လို့်..."

ရှိန်းဆက်ပိုင် သဘောကျစွာရယ်မောလိုက်မိတယ်...။ တစ်ဆက်တည်းမှာပဲ... ခွန်းစစ်မင်းဆိုတဲ့မင်းကို အရမ်းအရမ်းသဘောကျခဲ့တာဖြစ်ကြောင်း...လက်ရှိမှာ ဘာမှမခံစားရတော့ဘူးဆိုတိုင်း မင်းကိုမကြိုက်တော့ဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း...သိပ်မခံစားခဲ့ရဘူးဆိုတာကလဲ အရှိကိုအရှိတိုင်း လက်ခံလိုက်နိုင်အောင်ကြိုးစားခဲ့လို့ဖြစ်ကြောင်း...ငါကမင်းအတွက် သူငယ်ချင်းတစ်ယောက်အဖြစ်အရေးပါနေသေးသလို...ငါ့အတွက်လဲမင်းက နည်းမျိုးစုံနဲ့အရေးပါနေသေးတာကြောင့် အခုချိန်မှာ နောက်တစ်ယောက်ကိုထပ်ကြိုက်မိဖို့ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်သေးကြောင်း...လူဆိုတာပြောင်းလဲတတ်တာမို့ အချိန်ကြာလာရင်တော့ မပြောတတ်ကြောင်း...အကြောင်းကြောင်းတွေကို ရှိန်းဆက်ပိုင်း သူ့ရဲ့အတွေးရေယဉ်ကြောထဲမှာသာ လှည့်လည်နေစေလိုက်တယ်...။

ခွန်းစစ်မင်းကိုပြောပြချင်ရင်တောင်...ပြောခွင့်မရှိတော့တဲ့ ပြောဖို့မသင့်တော့တဲ့ စကားတွေဖြစ်သွားပြီမို့...သူတွေးနေရုံနဲ့သာ ကျေနပ်လိုက်ပြီး ခပ်ရေးရေးပြူံးမိပြန်တယ်...။ ဒါမှမဟုတ် မသိမသာနာကျင်နေသေးတဲ့ အပြုံးလားဆိုတာတော့ ဘယ်သူမှမသိနိုင်ဘူး...။ ဖုန်းတစ်ဖက်က ခွန်းစစ်မင်းလဲမမြင်နိုင်ဘူး...။

" အမှန်အတိုင်းပြောရရင် ဒီနေ့တင်ထားတဲ့ post ကဟာတွေကို ငါလဲသိပ်တော့ဂရုမစိုက်မိဘူးကွ...ဒါပေမဲ့လဲ တစ်ခုတော့ စိတ်မကောင်းဘူး...မင်းရဲ့ identity ကို မင်းကိုယ်တိုင်ကြောင့်မသိရပဲ...သူများကြောင့် လူသိရတယ်ဆိုတာက မဖြစ်သင့်ဘူး...အဲ့တာတင်တဲ့သူသာ အပြင်မှာတွေ့ကြည့်...မျက်ခွက်ကြီးကိုပဲ ပိတ်ပိတ်ထိုးပစ်မှာ...ခွေးမသား! မင်းလား ဆိုပြီး..."

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now