အပိုင်း - ၁၁💚

Start from the beginning
                                    

"ဦးရေ ... ဦး ... ဦး ရေချိုးလို့မပြီးသေးဘူးလား ... ပြီးရင် ကလေးနဲ့လျှောက်သွားမယ်လေ"

"ပြီးပါပြီ"

စေလိုရာသည် အောက်ပိုင်းကိုသဘက်ကလေးတစ်ထည်သာပတ်ထားပြီးထွက်လာသည့်အခါ အကောင်ပိစိလေးမျက်လုံးပြူးသွားပြီး မျက်နှာကြီးကိုအုပ်ကာ ကျောခိုင်းလိုက်သည်။

"ဦးကလည်းဗျာ ... အင်္ကျီလည်းမဝတ်ဘူး ... ပြီးရင်ထွက်လာခဲ့ ကလေးအပြင်ကပဲစောင့်တော့မယ်"

အခန်းတံခါးကိုဆွဲဖွင့်ပြီးထွက်ပြေးမည်လုပ်နေသည့်အကောင်ပိစိလေးကိုသူ့ဘက်ဆွဲလှည့်လိုက်ပြီး တံခါးကိုပြန်ပိတ်လိုက်သည်။ အခန်းတံခါးပေါ်တွင်လက်နှစ်ဖက်ထောက်လိုက်ပြီး တံခါးနဲ့သူ့ကိုယ်ကြာထဲမှာအကောင်ပိစိလေးညပ်နေသည်။ အကောင်ပိစိလေးမျက်လုံးကြီးစုံမှိတ်ပြီး တောင့်တောင့်ကြီးဖြစ်နေသည်။

"ဦး ကလေးကိုအနိုင်မကျင့်နဲ့နော် ... ဖယ်ပေး ကလေးအပြင်ထွက်မလို့"

"ကိုယ့်ကိုကြည့်ပါဦး"

အကောင်ပိစိလေးရဲ့လက်ကလေးနှစ်ဖက်ကိုသူ့ခါးပေါ်တင်လိုက်တော့ သူ့ကိုယ်ကအေးစက်နေသည်ကြောင့် အကောင်ပိစိလေးတုန်သွားသည်။ ဦးရဲ့ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းမှာ ရေစက်လက်တွဲခိုနေသည်ကို ကြည့်လည်းကြည့်ချင် မကြည့်လည်းမကြည့်ရဲနဲ့ မျက်လုံးလေးတစ်ဖက်အရင်ဖွင့်ကြည့်လိုက်သည်။ ပြီးမှနောက်တစ်ဖက်ကိုဖွင့်ကြည့်သည်။ မျက်လုံးလေးတွေပွင့်လာသည်ကြောင့် အကောင်ပိစိလေးရဲ့ပါးနှစ်ဖက်ကိုအားရပါးရနမ်းပစ်လိုက်သည်။

"မွှေးနေတာပဲကွာ ... ကလေးကို ကိုယ်ပေးစရာရှိသေးတယ် "

"အင်္ကျီအရင်ဝတ်လိုက်ပါနော် ... ကလေးထုတ်ပေးမယ်လေ"

စေလိုရာ့မှာ ဘာအင်္ကျီမှပါမလာလို့ မနေ့ကမှအသစ်တွေဝယ်လိုက်ရသည်။ အကောင်ပိစိလေး ဦးဆီမှနေရုန်းထွက်ပြီး ချည်အင်္ကျီအပြာအကွက်လေးတစ်ထည်ယူလာသည်။ ပုဆိုးလည်းယူလာပေးသည်။ ဦးအဝတ်ဝတ်နေသည့်အချိန်ကျောခိုင်းထား‌ပေးသေးသည်။

"ကလေးအရှေ့ကအံဆွဲကိုဖွင့်လိုက် ... အဲ့ထဲမှာရှိတယ်"

အကောင်ပိစိအံဆွဲကိုဖွင့်လိုက်တော့ ပါကင်ပိတ်ထားသည့်ဖုန်းအသစ်တစ်လုံးကိုတွေ့သည်။

သခင့်​စေလိုရာWhere stories live. Discover now