အပိုင်း - ၇💚

Start from the beginning
                                    

စေလိုရာစိတ်ထဲကနေသူငယ်ချင်းဖြစ်သူမင်းပိုင်‌စေကိုကျိန်ဆဲပစ်လိုက်သလို မင်းပိုင်စေသည်လည်းစေလိုရာ့ကိုအကဲခတ်နေလေသည်။ စေလိုရာ မရရအောင်ရှောင်ထွက်လေ သူတို့နဲ့ကထိပ်တိုက်တိုးလေဖြစ်နေတော့သည်။ အကောင်ပိစိကလည်း သူတို့နှစ်ယောက်တည်းသွားရမည်အထင်နဲ့ အသေအချာပြင်ဆင်ပြီးဆင်းလာလေသည်။ သို့ပေမဲ့ တကယ်တမ်းသွားမယ်ဆိုတော့ ဒယ်ဒီသည် ဦးရဲ့ဘေးခုံမှာထိုင်လိုက်တာမြင်တော့ မာမီနဲ့ဒယ်ဒီပါလိုက်မယ်ဆိုတာကို ကြေကွဲဝမ်းနည်းစွာသိလိုက်ရပါတော့သည်။

"ဦး ကလေး ... အဲ ကျွန်တော့်ကိုကျောင်းလိုက်ပို့ပေးမှာလား"

"အင်း ပို့ပေးမယ်လေ ... အချိန်ရသေးတယ်မလား"

"ရပါသေးတယ်"

အနောက်ဘက်ခုံမှာဝင်ထိုင်ပြီး နောက်ကြည့်မှန်ကနေ ဦးကိုလှမ်းကြည့်ကာမေးလိုက်တော့ ဦးကပြုံးပြရင်းနဲ့ပြန်ဖြေလေသည်။ စေလိုရာကဆက်ကြည့်နေပေမဲ့ အကောင်ပိစိကစေလိုရာကိုမကြည့်ဘဲ ပြတင်းပေါက်ဘောင်လေးကိုမေးထောက်ရင်း အပြင်ဘက်ကိုသာငေးကြည့်နေသည်။ နောက်ကြည့်မှန်ကနေတစ်ဆင့် အကောင်ပိစိလေးကိုခဏခဏလှမ်းကြည့်ပါသည်။ ဘေးနားက သူငယ်ချင်းဖြစ်သူမင်းပိုင်‌စေ စကားတွေပြောနေသည်ကို သိပ်ပြီးအာရုံမရဘဲ အနောက်ဘက်ကအပြင်ဘက်ကိုငေးကြည့်နေသည့် အကောင်ပိစိဆီ၌သာအာရုံရောက်နေသည်။ အပြင်ဘက်ကရာသီဥတုကအုံ့မှိုင်းနေသလို စေလိုရာရင်ထဲမှာလည်းအုံ့မှိုင်းနေလေသည်။ စားသောက်ဆိုင်ရှေ့ရောက်တော့ လွယ်အိတ်ကလေးလွယ် လက်ထဲမှာစာအုပ်ကလေးတွေပိုက်ကာ အရင်ဦးဆုံးဆင်းသွားလေသည်။ သခင့်ရဲ့အနောက်ကနေ မိဘတွေကလိုက်ဆင်းသွားကြသည်။ စေလိုရာကားပါကင်ထိုးပြီး အကောင်ပိစိဆီ စာလေးတစ်စောင်လှမ်းပို့လိုက်သည်။

{ကားပေါ်ကိုစာအုပ်တွေပြန်လာထား ကလေး}

စာကိုမြင်မြင်ချင်း သခင်လေးပြုံးသွားပြီး စာအုပ်တွေပိုက်ကာ သွားဖို့ပြင်နေတော့ မာမီကမေးလာပါတော့သည်။

"သား ဘယ်သွားမလို့လဲ"

"သားမေ့ပြီးစာအုပ်တွေယူလာမိလို့ အဲ့တာသွားထားမလို့"

သခင့်​စေလိုရာWhere stories live. Discover now