Part 11 [Book Edition]

18.4K 1.5K 110
                                    

Unicode

TV ကိုဖွင့်လိုက်သည်နှင့် CEO Jeon ကောင်လေးတစ်ယောက်နှင့်နမ်းနေသောပုံနှင့် သတင်းများသည်ယခုချိန်ထိပျံနှံ့နေသည်။

"CEO Jeon ဘက်မှဘာကိုမှတရားဝင်ဖြေကြားထားခြင်းမရှိသေးပါဘူး"
"လူတိုင်းကလည်း CEO Jeon နဲ့ပတ်သက်နေတာဘယ်သူလဲဆိုတာသိချင်နေကြပါတယ်"

သတင်းကြေငြာသူအမျိုးသမီးကတော့ကြေငြာနေဆဲ။ Jeon TV ကိုပိတ်လိုက်ပြီးနောက် Joon အားဖုန်းခေါ်ဆိုလိုက်သည်။

"Hello...Joon မနက်ဖြန်သတင်းစာရှင်းလင်းပွဲလုပ်ဖို့အသင့်ပြင်ထားပေး"

"Ok Jeon...ငါလည်းမင်းဘယ်လိုဖြေရှင်းမလဲစောင့်နေတာ...အကုန်အဆင်သင့်လုပ်ထားပေးမယ်"

"ကျေးဇူးပဲ Joon"

ဖုန်းချလိုက်ပြီးနောက် TaeHyung ရှိရာအပေါ်သို့တက်လာခဲ့လိုက်သည်။ အခန်းထဲရောက်တော့ အိပ်ယာပေါ်တွင်စာဖတ်နေသောထိုကလေးလေးကြောင့် အနားတွင်ဝင်ထိုင်လိုက်သည်။

"Bae ဘာတွေဖတ်နေတာလည်း"

သူ့အသံကြားလို့မျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့်မော့ကြည့်လာသည်။ဝင်လာတာကို အာရုံရခဲ့တဲ့ပုံမပေါ့။

"အင်း ဒီလိုပါပဲ စာအုပ်စင်ကတစ်အုပ်ပြီးတစ်အုပ်ယူဖတ်နေတာ"

"ဟုတ်ပါပြီ...ကိုယ် Bae ကိုပြောစရာရှိလို့"

"ဘာပြောမလို့လဲ"

"မနက်ဖြန်ကိုယ်တို့သတင်းစာရှင်းလင်းပွဲလုပ်ရမယ်"

"ဟင် ဘာလို့လဲ...Tae ကိုလူသိလို့မဖြစ်ဘူး"

အကြောက်ကြောက်အလန့်လန့်နှင့်ဆိုလာသောကလေးငယ်ကြောင့်သူစိတ်မကောင်းဖြစ်သွားရသည်။

"ကိုယ်ရှိနေသရွေ့ဘယ်သူကိုမှကြောက်စရာမလိုဘူး Bae...ကိုယ့်ကိုမယုံရင်တောင်အဲ့တာကိုတော့ Bae ယုံကြည်ထားပေး"

"ဟင့်အင်း...Tae ကိုပြန်မလွှတ်ပေးချင်နေပါ...Tae ဘယ်သူ့ကိုမှအသိမခံချင်ဘူး...ကျေးဇူးပြုလို့...Tae တောင်းဆိုတာပါ"

"ဘာလို့လဲ Bae...Mrs.Kim သိမှာ ကိုကြောက်လို့လား"

"ခင် ခင်ဗျားက မေ မေမေလေးကို ဘယ် ဘယ်လိုသိတာလဲ"

Taeholic 🅙🅔🅞🅝 [Completed]Where stories live. Discover now