Part 10 [Book Edition]

20.2K 1.5K 68
                                    

Unicode

အင်္ကျီတွေဝယ်ပြီးနောက်မှာတော့ အိမ်ကိုပဲပြန်‌လာကြပြီး အိမ်ရောက်ချိန်မှာ TaeHyung အတော်ပင်ညောင်းညာနေပြီ။ ပတ်လိုက်ရသည့် Mall တစ်ခုလုံး။ မဝယ်တော့ဘူးဆိုနေမှ သူကတစ်ဆိုင်ပြီးတစ်ဆိုင်ဝင်လိုက်ထွက်လိုက်နဲ့။ သူ့အလုပ်ကိစ္စအတွက်တောင်ဒီလောက်ထိပတ်ပြီးမဝယ်ဖူးပေ။ အိမ်ပေါ်ကိုရောက်သည်နှင့်အရင်ပြေးဝင်မိသည်ကမီးဖိုခန်းကို။

ရေခဲသေတ္တာကိုအမြန်ဖွင့်လိုက်ပြီး ရေလေးမော့သောက်လိုက်မှ ရင်ထဲအေးသွားရသည်။

"ဟူး...အခုမှပဲလန်းသွားတော့တယ်"

ထိုစဉ်အနောက်မှပွေ့ဖက်ပြီးသူ့ဂုတ်ပိုးလေးကိုနှုတ်ခမ်းနှင့်ဖိကပ်ပြီးနမ်းလိုက်သည့်ထိုလူကြောင့်ရေများပင်သီးသွားတော့သည်။

"အဟွတ် အဟွတ်"

"Bae အဆင်ပြေရဲ့လား...ရေအရမ်းသီးသွားလား"

"ရ ရတယ်...ဘာမှမဖြစ်ဘူး"

"Bae ကိုယ်နေ့လည်ကပြောထားတာမှတ်မိတယ်မလား"

"ဘာ ဘာပြောထားလို့လဲ"

TaeHyung မသိချင်ယောင်ဆောင်နေလိုက်မှ လွတ် မြောက်နိုင်မှာမဟုတ်ဘူးလား။

"မညာပါနဲ့ Bae ရယ်...စကားတွေထစ်နေတာကသိသာနေတာကို"

သူပဲ  မညာတတ်တာလား။ ထိုလူကပဲ တအားလူရည်လည်နေတာလား။ ပြောပြောဆိုဆိုနဲ့ပဲလည်ပင်းတစ်လျှောက်ကိုထိကပ်ကာနမ်းလာသည်။

"ဟင့်အင်း မလုပ်နဲ့...."

TaeHyung စကားကိုဂရုမစိုက်စွာအတင်းဖိကပ်နမ်းသည်။ သူ့ရင်ခွင်ထဲမှအတင်းရုန်းထွက်ကြည့်တော့အတင်းအကြပ်ဖက်ထားတာမဟုတ်တာမလို့ လွတ်သွားလျှင်ပဲ TaeHyung လက်လေးကိုပြန်ဆွဲကာမျက်နှာ ချင်းဆိုင်စေလိုက်သောသူ။

"ဘာလို့ထွက်ပြေးတာလဲ Bae...ကိုယ်မကြိုက်ဘူး"

TaeHyung တောင်းပန်နေပေမယ့်လည်း နားဝင်ဟန်လည်းမရှိ။ အတင်းအကြပ်လုပ်ယူမှုကြီးမျိုး Tae Hyung မလုပ်ချင်။ ပထမတစ်ကြိမ်မှာတင်ကြောက်စရာကောင်းခဲ့သည့်အတွက် သူကြောက်ရွံ့နေမိသည်။ သူပြုသမျှနုနေရသောအခြေအနေမှလွတ်မြောက်ရန်အတင်းရုန်းကန်ကြိုးစားနေသော်လည်းအရာမထင်။

Taeholic 🅙🅔🅞🅝 [Completed]Where stories live. Discover now