Part 8 [Book Edition]

20.8K 1.6K 84
                                    

Unicode

Jimin တစ်ယောက်မှာ TaeHyung အတွက် Body guard ငှါးပေးရန်လိုက်ရှာနေသည်မှာတစ်ပတ်ပင်ရှိပြီ။သို့သော်ဘယ်သူမှလက်မခံကြ။

"ဘာဖြစ်ကြတာလဲ...တစ်ယောက်မှအလုပ်လက်မခံဘူး"

တွေးရင်းတွေးရင်းအဖြေရှာလို့မရ။ TaeHyung မနေ့ကပြောခဲ့သည်.သူ့ကိုစောင့်ကြည့်နေတဲ့သူဒီတစ်ပတ်အတွင်းပေါ်မလာဘူးဆိုတာကို။ ရုတ်ချည်းဆိုသလိုအာရုံတွင်ပေါ်လာသည်က ဟိုးတနေ့ကသူတွေ့ခဲ့သော CEO Jeon ယာဉ်မတော်တဆဖြစ်ကာမျက်စိကွယ်သွားသည့်သတင်း။ ပြန်စဉ်းစားကြည့်တော့တစ်ပတ်ပင်ကျော်ပြီဖြစ်လေသည်။

"CEO Jeon များလား"

ဂေဟာတွင်တွေ့ခဲ့သည့်နေ့ကတည်းကထိုသူကို သူ့စိတ်ထဲတွင်သဘောမကျလှ။ ထိုနေ့ကသူ၏မျက်ဝန်းများမှာ Tae ဆီသို့သာဦးတည်နေခဲ့တာကြောင့်လည်းပါမည်။

Jimin အဖြေတစ်ခုကိုရေးရေးလေးသိနေခဲ့သယောင်ပင်။

ထိုစဉ်ဝင်လာသော mail တစ်စောင်ကိုဖွင့်ကြည့်လိုက်တော့ သူစုံစမ်းခိုင်းထားသည့် TaeHyung ၏ကိစ္စ။ လိုလိုမယ်မယ် Mr.Min ၏Party ပွဲရှိ CCTV record ကိုပါစစ်ဆေးခိုင်းထားခဲ့သည်။

ပို့ထားသော Video clip ကိုဖွင့်ကြည့်လိုက်တော့ toilet သို့ Tae ဝင်သွားသည့်နေရာ၌ Tae အနောက်မှပါလာသောလူတစ်ဦးကိုတွေ့ရသည်။ ခဏကြာတော့ ပြန်ထွက်လာသောထိုလူမှာ အလျင်လိုနေဟန်။ အဲ့နေ့ကMask dance party ဖြစ်၍မျက်နှာဖုံးတပ်ထားသောကြောင့်ဘယ်သူမှန်းမသိရချေ။ အနီးကပ်ဆွဲကြည့်မိတော့မှမျက်နှာဖုံးအောက်ရှိနှုတ်ခမ်းပါးတစ်ခုကဘယ်သူဘယ်ဝါမှန်းဖော်ပြနေသည်။

"CEO Jeon"

အံ့ဩလွန်းလို့ ထိုလူ၏နာမည်ကိုပါနှုတ်ကထွက်ကျလာခြင်းနဲ့အတူ အကြောင်းအရာများကိုဆက်စပ်တွေးကြည့်မိပြီး နောက်ဆုံးအဖြေထွက်လာသူက ထိုသူတစ်ယောက် တည်း။

"မင်းဘာလို့ Tae ကိုနှောင့်ယှက်ခဲ့တာလဲ CEO Jeon"

🍷🍷🍷

TaeHyung မှာ ယခုတလောသူ့နောက်လိုက် Stalk နေတဲ့သူမရှိသဖြင့်စိတ်များပေါ့ပါးနေလေသည်။ အပ်ထားသည့်အလုပ်ကိစ္စများကိုမြန်မြန်သွက်သွက်လုပ်နေစဉ်ဝင်လာသောအဝင်ဖုန်းတစ်ခုကို လက်ခံပြောကြားလိုက်သည်။

Taeholic 🅙🅔🅞🅝 [Completed]Tempat cerita menjadi hidup. Temukan sekarang