Intro

41K 2K 44
                                    

#Unicode

ကိုရီးယား၏ Fashion Design လောကတွင် Victory နာမည်ကိုမသိသည့်သူမရှိ....ငယ်ငယ်ရွယ်ရွယ်နှင့်လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေသောလူငယ်လေးတစ်ယောက်...သူကိုယ်တိုင်ပင်ဒီဇိုင်းများဆွဲကာချုပ်လေ့ရှိသောကြောင့်လက်ရာမှာတခြားသူများနှင့်မတူ...အလွန်ပင်သေသပ်လှပ၏....သူ့ဆီ၌ Design အပ်သည့်သူများမှာစီးပွားရေးလောက၏ထိပ်သီးတွင်ရပ်တည်နေကြသောသူများပင်ဖြစ်ကြသည်....နာမည်ကြီးမော်ဒယ် သရုပ်ဆောင်များလည်း ပါဝင်လေ၏....သို့သော် Victory ဆိုသောသူမှာမည်သို့ပင်အောင်မြင်နေပါစေ အလွန်တရာမှဖော်ရွေလှလေ၏....မိဘမဲ့တစ်ယောက်ဖြစ်သည်မို့ကလေးငယ်များအားအလွန်ပင်ချစ်လေ၏....နှစ်စဉ်နှစ်တိုင်းမိဘမဲ့ဂေဟာ ဘိုးဘွားရိပ်သာတို့တွင်ကိုယ်တိုင်သွားကာတိတ်တိတ်ကလေးလှုဒါန်းလေ့ရှိသည်ကိုလည်းမည်သူမျှမသိကြ....ထူးခြားသည်ကသူ၏မျက်နှာကိုမည်သူမှမမြင်ဖူးကြချေ.... အင်္ကျီအတိုင်းများအားသူ့အားထားရသောတပည့်အားတိုင်းခိုင်းကာcustomerလိုချင်သောပုံစံအားဖုန်းထဲ၌သာဆွေးနွေးလေ့ရှိသည်...
ဘာကြောင့်မျက်နှာမပြသလဲဆိုတာကိုလူတိုင်းသိချင်နေကြ၏....

သို့သော် V ဆိုသည့်နာမည်လေးနှင့် Instagram acc တိတ်တိတ်ကလေးဖွင့်ထားကာ သာမန်လူတစ်ယောက်ကဲ့သို့ ပုံများအားတင်ကာနေထိုင်နေသည် ကိုတော့မည်သူမျှမသိပေ....

🍷🍷🍷🍷🍷

JEON Company ဤကုမ္ပဏီကြီးအားမသိသူတစ်ယောက်မျှမရှိ...ပြည်တွင်းတွင်သာမကပြည်ပမှာပါကျော်ကြား၏...ကုမ္မဏီ၏ CEO မှာငယ်ရွယ်သည် ချောမောသည် ယောကျ်ားပီသသည် ထက်မြက်သည် ယဉ်ကျေးသည် ပါးနပ်သည် စသည့်ဂုဏ်ပုဒ်များကြောင့်သားမက်တော်ချင်ကြသည့်သူဋ္ဌေးကြီးများအမြောက်အမြားပင်ရှိသည်...မိဘမဲ့ဂေဟာနှင့်ဘိုးဘွားရိပ်သာများသို့ ကိုယ်တိုင်ကိုယ်ကျသွားကာ အလှုငွေများ လိုအပ်သည်များကို အမြဲထောက်ပံ့လှုဒါန်းနေသူတစ်ယောက်ဖြစ်သည်....
ဒါ့အပြင် သူထောင်ထားတဲ့ပညာရေး foundationတွေကလည်းမနည်း.......ထောက်ပံ့ထားသောကလေးအရေအတွက်မှာလည်းထောင်ချီရှိလေသည်.....

Taeholic 🅙🅔🅞🅝 [Completed]Dove le storie prendono vita. Scoprilo ora