Chapter 5:Wonder

424 25 3
                                    

Zawgyi:
အရင်​တုန်းကအိမ်​ဖက်​ဖမ်းအဆောင်​လေးကို ချိတ်​ထားစဉ်​မှာလည်း ထိုလူကိုWayအိမ်​မက်​မက်​ခဲ့သည်​။အဲ့အချိန်​တုန်းက Wayရဲ့အသက်​ကရှစ်​နှစ်​ပဲရှိသေးသည်​။ထိုလူနဲ့အတူတူ လေယာဉ်​ပျံရုပ်​လေးတွေနဲ့ ဆော့ကစားဖူးသည်​။ထိုလူက သူ့ကိုအရမ်းဂရုစိုက်​လွန်းတယ်​။ထိုလူဟာ Wayကိုကလိထိုး၍စနောက်​ပြီး ချွေးတွေထွက်​ကာ မောပန်းသည်​အထိ သူတို့အတူတူဆော့ကစားခဲ့ဖူးကြသည်​။

"အတော်​အရွယ်​ရောက်​လာပြီပဲ ကောင်​လေး"
ထိုလူဟာ Wayရဲ့ခေါင်းကိုဖွဖွလေးပုတ်​ကာပြောသည်​။(A/N DreamကWayကိုငယ်​ငယ်​လေးထဲကစောင့်​ရှောက်​လာတာပါ Wayရဲ့အဖေကDream catcherလေးကိုချိတ်​ဆွဲပေးခဲ့တဲ့အချိန်​ကတည်းကပေါ့)

"P' အကို့နာမည်​ဘယ်​လိုခေါ်လဲ?"
ကောင်​လေးကသိချင်​စိတ်​နဲ့မေးသည်​။

ထိုငယ်​ရွယ်​တဲ့အမျိုးသားဟာ ဘာပြန်​ပြောရမလဲမသိခင်​ သေချာစဉ်းစားလိုက်​သည်​။သူကိုယ်​တိုင်​တောင်​သူ့နာမည်​ကိုမသိပါဘူး။

"Dream ဟုတ်​တယ်​... အကို့နာမည်​ကDream Dreamဆိုတာအိ​မ်​မက်​လေ"
သူကအားတက်​သရောနဲ့ပြန်​ရှင်းပြသည်​။

"Dream? အိမ်​မက်​ဆိုတဲ့Dreamလား?"

"ဟုတ်​တယ်​ မင်းရဲ့အိမ်​မက်​ပေါ့"

"ဟုတ်​လား P'Dream"

ကောင်​လေးကစိတ်​ကျေနပ်​မှုရသွားဟန်​ဖြင့်​ ပြုံးပြသည်​။သူဟာ ထိုလူရဲ့အနားကိုတိုးသွားပြီး ပွေ့ဖက်​လိုက်​သည်​။ထိုလူဟာဘယ်​သူလဲဆိုတာတောင်​မသိပဲနဲ့ ကောင်​လေးရဲ့စိတ်​ထဲမှာတော့ ယုံကြည်​လို့ရမယ့်​လူလို့ထင်​မိနေသည်​။

အတိတ်​တုန်းကအဖြစ်​အပျက်​တွေဟာ လက်​ရှိအခြေအနေထိရောက်​လာပြီး Wayရဲ့အတွေးတွေဟာလည်းရပ်​သွားပါပြီ။Wayယာအတွေးတွေထဲကနေလက်​ရှိကို ပြန်​လည်​ရောက်​ရှိလာပြီဖြစ်​သည်​။ဖြတ်​ကျော်​လာခဲ့တဲ့ကာလတွေမှာ Wayဟာ ကောင်​လေးတစ်​ယောက်​အဖြစ်​ကနေ လူကြီးလေးတစ်​ယောက်​ဖြစ်​နေပါပြီ။ဒါပေမဲ့...P'Dreamဟာနည်းနည်းလေးမှမပြောင်းလဲပါဘူး။သူ့ကြည့်​ရတာ မအိုဆေးစားထားသလိုပဲ။

My Dream The Series(Myanmar Translation) Zawgyi+UnicodeWhere stories live. Discover now