Chapter 2:Anatomy

692 30 12
                                    

Zawgyi:
ရေပန်းကရေတွေဟာ Runwayရဲ့ကိုယ်​ပေါ်ကိုဖြတ်​သန်းစီးဆင်းသွားကြသည်​။သုံးမိနစ်​အကြာမှာတော့ရေချိုးခြင်းကိုရပ်​လိုက်​တယ်​။ဘာလို့လဲဆိုတော့ မျက်​နှာသစ်​ပြီး သွားတိုက်​တာပဲလုပ်​ခဲ့တာပါ။ဆပ်​ပြာမတိုက်​တော့ပါဘူး။ပြီးတဲ့အခါမှတော့ ဆံပင်​ကိုလျင်​မြန်​စွာဖြီးလိုက်​သည်​။ကျန်​သေးတဲ့ အချိန်​လက်​ကျန်​လေးမှာ သူ့အမေပြင်​ဆင်​ထားပေးတဲ့ ကျောင်းအကျီ်​င်္ကိုကမန်းကတန်းကောက်​ဝတ်​ပြီး အခန်းအပြင်​ကိုလျှင်​မြန်​စွာပဲပြေးထွက်​ခဲ့ပါသည်​။

"မေမေ သားသွားပြီ"

သူဟာနှုတ်​ဆက်​စကားကိုအော်​ပြောရင်း အပြင်​ကိုပြေးထွက်​ခဲ့လိုက်​သည်​။သူ့အမေကတော့ ဘယ်​နားမှာလဲဆိုတာကိုတောင်​မကြည့်​အားပါဘူး။

ခြံပြင်​ရောက်​တဲ့အခါ အားကစားဝတ်​စုံကိုအကျအနဝတ်​ထားပြီး အပြာရောင်​မော်​တော်​ဆိုင်​ကယ်​ကိုခွလျက်​နဲ့ Tanaiကိုတွေ့လိုက်​ရပါတယ်​။

"ရေပန်းအောက်​ကဖြတ်​ပြေးလာတာလား?"

"ရေသေချာချိုးခဲ့ပါတယ်​"

RunwayကTanaiကိုပြန်​ပြောလိုက်​သည်​။

"ရေလည်းပြောင်​အောင်​မသုတ်​ဘူး"

"ဒါကဘာကြီးလဲ?အကို့ကိုကြည့်​ရတာ ကာယဆရာလိုပဲ"

RunwayကTanaiကိုခြေဆုံးခေါင်းဆုံးကြည့်​ကာပြောလိုက်​ပါသည်​။

"ငါကျောင်းမှာ Volley ball သွားသင်​မလို့"

"ကောင်းသားပဲ ဒါဆိုကျွန်​တော်​တို့သွားကြတော့မလား? မြန်​မြန်​သွားမှရမှာ နှောင့်​ယှက်​မိလို့တောင်းပန်​ပါတယ်​အကို"

"ရပါတယ်​ ကိစ္စမရှိပါဘူး ညီလေးလိုအထူးပုဂ္ဂိုလ်​လေးကို အကိုအချိန်​မရွေးကူညီမှာပါ အကို့နောက်​မှာသေချာထိုင်​ပြီး အကို့ခါးကိုဖက်​ထား နောက်​ကိုမကိုင်​ထားနဲ့"

Tanaiကဆိုင်​ကယ်​ဦးထုပ်​ကိုလှမ်းပေးရင်းRunwayကိုပြောလိုက်​သည်​။

ဒီအရစ်​ရှည်​လှတဲ့လူဟာ Runwayကိုစကားတွေနဲ့ခြွေနေတာကို Runwayကသိပေမဲ့ စိတ်​ဝင်​စားဟန်​မပြပါဘူး။

My Dream The Series(Myanmar Translation) Zawgyi+UnicodeWhere stories live. Discover now