Chapter 1:Nightmares

1.6K 55 31
                                    

Zawgyi:
အဖြူရောင်​တိမ်​စိုင်​တိမ်​လိပ်​တွေဟာ အပြာရောင်​ကောင်းကင်​ပေါ်မှာ လေနှင်​ရာအတိုင်း လွင့်​မြောနေကြပါတယ်​။ငါးနှစ်​အရွယ်​ကောင်​လေးဟာ သူ့လက်​တွေကို လေထဲမှာအားကုန်​ဆန့်​ထုတ်​လိုက်​တယ်​။လတ်​ဆတ်​လှတဲ့လေတွေကို တဝကြီးရှုသွင်းလိုက်​ပြီး ကောင်းကင်​ပေါ်မှာ ပျံသန်းနေခဲ့တယ်​။တစ်​ကယ်​တော့ကလေးလေးဟာ လေယာဉ်​မှူးဝတ်​စုံဝတ်​ထားတဲ့ သက်​လတ်​ပိုင်းလူကြီးတစ်​ဦးရဲ့ ပုခုံးပေါ်မှာပါ။လူကြီးဟာ ကလေးလေးပြုတ်​မကျစေဖို့ ကလေးရဲ့ခြေထောက်​တွေကို ခိုင်​မြဲစွာကိုင်​ထားပြီး စိမ်းလန်းတဲ့မြက်​ခင်းပြင်​တွေရှိတဲ့ ကွင်းပြင်​ကြီးဆီသို့ဦးတည်​သွားနေပါတယ်​။ကလေးလေးကတော့ သူ့ကိုယ်​သူပျံနေတယ်​လို့တွေးပြီး တစ်​ခစ်​ခစ်​ရယ်​မောနေပါတယ်​။ဒါပေမဲ့ သူဟာခဏလေးသာပျံသန်းနိုင်​ခဲ့ပါတယ်​။သူ့အဖေဟာ သက်​လတ်​ပိုင်းလူကြီးတစ်​ဦးဖြစ်​တဲ့အတွက်​ ခဏတော့အနားယူဖို့ လိုနေပြီလေ။

"ဖေဖေ သားပျံချင်​သေးတယ်​"

သက်​လတ်​ပိုင်းလူကြီးက ပြန်​ဖြေခြင်းမရှိပဲ ပြုံး၍သာခေါင်းခါပြလိုက်​ပါတယ်​။ရုတ်​တရက်​ လူကြီးရဲ့မျက်​လုံးက လေထုထဲမှာရှိတဲ့တစ်​စုံတစ်​ခုကိုမြင်​လိုက်​ပြီး အဲ့အရာကိုသေချာမြင်​ရဖို့လိုက်​ကြည့်​လိုက်​တယ်​။သူမြင်​လိုက်​ရတာကတော့ ကောင်းကင်​မှာပျံသန်းနေတဲ့ လေယာဉ်​ပျံပါ။အဲ့လေယာဉ်​ပျံလေးကို လက်​ညှိုးထိုးပြလိုက်​ပြီး သူ့သားဖြစ်​တဲ့ငါးနစ်​အရွယ်​ကလေးလေးကိုမေးလိုက်​သည်​။

"အဲ့တာဘာလဲ?Runway"(A/Nကလေးနာမည်​ကRunwayပါ ယူတို့ရဲ့ဘေဘီလေး XD)

"လေယာဉ်​ပျံ" ကလေးလေးဟာအပြုံးနဲ့လျင်​မြန်​စွာပဲဖြေလိုက်​ပါတယ်​။

"အင်း ဟုတ်​တယ်​ လေယာဉ်​ပျံ"
လူကြီးဟာပြန်​ဖြေလိုက်​ပြီး နောက်​ထပ်​မေးခွန်းတစ်​ခုကိုထပ်​မေးလိုက်​ပါတယ်​။

"သားလေးကြီးလာရင်​ ဖေဖေ့လိုမျိုး လေယာဉ်​ပျံကြီးမောင်းချင်​လား?"

"ဒီလိုမျိုးလေ.."
လူကြီးဟာကလေးလေးကို ပုခုံးပေါ်တင်​ပြီး ကလေးရဲ့ခြေထောက်​ကိုမြဲမြံစွာကိုင်​ကာ ကွင်းပြင်​ကြီးထဲပြေးနေပါတယ်​။(A/N လေယာဉ်​ပျံမောင်းတမ်းကစားနေကြတာပါ နားလည်​လားတော့မသိဘူး)
Runwayလေးရဲ့ရီသံဟာကွင်းပြင်​ကြီးကိုဖုံးလွှမ်းလို့နေပါတော့တယ်​။သူတို့နှစ်​ယောက်​ဟာ မျက်​လုံးတွေပိတ်​သွားသည်​အထိပျော်​ရွှင်​စွာရယ်​မောနေကြပါတယ်​။

My Dream The Series(Myanmar Translation) Zawgyi+UnicodeWhere stories live. Discover now