Chapter 3:What is our status?

530 43 20
                                    

Dr.Goodရုံးခန်းရဲ့မှန်​တံခါးပေါ်မှာပြည့်​ပြည့်​ဝဝပုံစံရှိတဲ့လက်​ထောက်​အမျိုးသမီးရဲ့အရိပ်​ဟာထင်​နေပါသည်​။ထိုအရိပ်​ပိုင်​ရှင်​အမျိုးသမီးဟာ အခန်းထဲမဝင်​ခင်​ခွင့်​တောင်းသောအနေဖြင့်​ တံခါးခေါက်​လိုက်​သည်​။

"ဝင်​ခွင့်​ပြုပါရှင်​"

"ဝင်​လာခဲ့ပါ"

ဆရာဝန်​လေးရဲ့အသံကိုအပြင်​မှအတိုင်းသားကြားရသည်​။လှပတဲ့လက်​ထောက်​အမျိုးသမီးဟာ တံခါးဖွင့်​ဝင်​လိုက်​ပြီး အစီရင်​ခံစာအားတင်​ပြသည်​။ရုံးခန်းရဲ့အရောင်​ဟာ မီးခိုးရောင်​ဖျော့ဖျော့ဖြင့်​အလှဆင်​ထားသည်​။Dr.Goodရဲ့စားပွဲဟာအခန်းထောင့်​နေရာမှာရှိပြီး ဂျူ တီကုတ်​အဖြူ ရောင်​နဲ့ထိုင်​နေတဲ့Dr.Goodဟာ ရှင်းသန့်​ချောမောလှသည်​။မျက်​ခုံးမွှေးထူထူတွေရယ်​ စူးရှတဲ့အကြည့်​ရှိတဲ့မျက်​လုံး ပေါ်လွင်​လှတဲ့နှာတံနဲ့ ထိုဆရာဝန်​လေးဟာ ရုပ်​ချောတဲ့လူတစ်​ယောက်​ဆိုတာငြင်းလို့မရပါဘူး။ဆေးနဲ့ဆိုင်​တဲ့စာတမ်းတွေဖတ်​နေရာကနေအကြည့်​ဖယ်​လိုက်​ပြီး လက်​ထောက်​အမျိုးသမီးပြောတာကိုနားထောင်​ရန်​အာရုံစိုက်​လိုက်​သည်​။

"မနက်​ဖြန်​အတွက်​ချိန်းထားတဲ့လူနာတစ်​ယောက်​ရှိပါတယ်​ ဒီနေ့အတွက်​တော့လူနာမရှိတော့ပါဘူးဆရာ"

"ဟုတ်​ပြီ ကျေးဇူးပါ"

Dr.Goodဟာပြုံးပြီးပြောလိုက်​ပေမဲ့ သူ့မျက်​လုံးထဲမှာတော့စိုးရိမ်​စရာတစ်​ခုခုကိုဖုံးကွယ်​ထားသည်​ကပေါ်လွင်​နေသည်​။

Dr.Goodရဲ့ဖုန်းဟာmessageဝင်​လာတာကြောင့်​အသံမြည်​လာပြီး သူဟာအဲ့messageကိုဖွင့်​ကြည့်​လိုက်​ချိန်​မှာတော့ သူ့အမေကပေးပို့ထားတာဖြစ်​ကြောင်းတွေ့ရသည်​။သူ့အမေပို့တဲ့messageက သူ့အတွက်​တော့ခေါင်းခဲစရာပါပဲ။

Mother-ညစာစားဖို့မမေ့နေနဲ့ဦး။မင်းရဲ့ကောင်​မလေးကိုပါခေါ်လာဖို့မမေ့နဲ့ဦးနော်​။

Dr.Goodဟာmessageကိုဖတ်​ပြီးနောက်​သက်​ပြင်းရှည်​ကြီးတစ်​ခုကိုချလိုက်​သည်​။ထို့နောက်​ အချိန်​ကိုကြည့်​ရန်​ လက်​ကောက်​ဝတ်​မှနာရီကိုပင့်​ကြည့်​သောအခါ သူ့ညီလေးဖြစ်​တဲ့Guideကိုကျောင်းမှကြိုရန်​သွားရတော့မည်​ဖြစ်​ကြောင်းသိလိုက်​သည်​။

My Dream The Series(Myanmar Translation) Zawgyi+UnicodeWhere stories live. Discover now